Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , အိမ်ငှားရမ်းမှု လခတွေမပေးတဲ့အတွက် အမှုများစွာ ရင်ဆိုင်နေရတဲ့ Tyga

အိမ်ငှားရမ်းမှု လခတွေမပေးတဲ့အတွက် အမှုများစွာ ရင်ဆိုင်နေရတဲ့ Tyga

| No comment

Tyga ဟာ နောက်ထပ် အိမ်ရှင် ၊ အိမ်ဌား ပြဿနာ တစ်ခုကို ရင်ဆိုင်နေရပြန်ပါပြီ။

Page Six ဆိုတဲ့ သတင်းဌာနက ဖော်ပြခဲ့တာကတော့ Tyga လက်ရှိနေထိုင်နေတဲ့ ဟောလီးဝုဒ်တောင်ကုန်း ပေါ်က အိမ် ရဲ့  အိမ်ပိုင်ရှင်က သူ့ကို ဒီဇင်ဘာလ ကတည်းက အိမ်ပေါ်ကနေ ဆင်းပေးဖို့ ပြောထားတယ်လို့ သိရပါတယ်။

Tyga (ခေါ်) Michael Ray Stevenson ဟာ ဒေါ်လာ ၄.၈ သန်းတန်ကြေးရှိတဲ့ ထိုနေအိမ်ကို တစ်လ ဒေါ်လာ ၁၇၀၀၀ နှုန်းနဲ့ ငှားရမ်းနေထိုင်နေတာဖြစ်ပါတယ်။ ထိုအိမ်ဟာ အိပ်ခန်း ၆ ခန်း ၊ ရေချိုးခန်း ၆ ခန်း ၊ ရေကူးကန်တစ်ခု နဲ့ ရေပူကန် တစ်ခုတို့ ပါဝင်ပါတယ်။

အကယ်၍သာ Tyga အတွက် ဒီအမှုဟာ တရားရုံး တက်ရင်ဆိုင်ရမယ်ဆိုရင်တော့ အခြေအနေမကောင်းပါဘူး။  Tyga ဟာ အရင် အိမ်ရှင်ကိုလည်း အိမ်ငှားခ ဒေါ်လာ ၇ သောင်းပေးချေဖို့ တရားရုံးက တဆင့် ညွှန်ကြား ခံထား ရတာ ဖြစ်ပါတယ်။ အဲဒီအမှုရဲ့ ရှေ့ မှာတုန်းကလည်း အိမ်ရှင်တစ်ယောက်ကို ဒေါ်လာ ၈ သိန်း အထိ အိမ်ငှား ခ ပေးဖို့ အကြွေးတင်နေပါသေးတယ်။ အဲဒီထဲက အိမ်တစ်လုံးကတော့ Tyga ရဲ့  အရင်ရည်းစား Black Chyna နဲ့ အတူနေထိုင်ခဲ့တာ ဖြစ်တဲ့အတွက် Black Chyna ဟာလည်း တရားစွဲဆိုခံရမှု မှာ ပူးတွဲပါဝင် ခဲ့တယ် လို့ TMZ သတင်းဌာန က ဖော်ပြထားပါတယ်။

ဟောလီးဝုဒ်နေအိမ်ကို မပြောင်းရွှေ့ ခင်တုန်းကလည်း Tyga ဟာ ကောင်မလေးဖြစ်သူ Kylie Jenner ရဲ့  နေအိမ်မှာ ရိုက်နှက် သောင်းကျန်းထားတာကြောင့် ကားဒါးရှီးယန်း မိသားစု ၀င်တွေနဲ့ အဆင်မပြေ ဖြစ်နေတယ်လို့လည်း Page Six သတင်းဌာနက ဖော်ပြထားပါတယ်။

Tyga ရှိတဲ့ မကောင်းတဲ့အကျင့်တစ်ခုကတော့ သူဟာ လအနည်းငယ်တိုင်းမှာ အိမ်ပြောင်းလေ့ရှိသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။



( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse