Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , သူမကို ရွှေကမ္ဘာလုံးဆုရစေခဲ့တဲ့ American Horror Story မှာ သရုပ်ဆောင်ဖို့ သဘောတူခဲ့တဲ့ လေဒီဂါဂါ

သူမကို ရွှေကမ္ဘာလုံးဆုရစေခဲ့တဲ့ American Horror Story မှာ သရုပ်ဆောင်ဖို့ သဘောတူခဲ့တဲ့ လေဒီဂါဂါ

| No comment


Lady Gaga (လေဒီဂါဂါ)ဟာ သူမသရုပ်ဆောင်ခဲ့တဲ့ American Horror Story ဇာတ်လမ်းဖြစ်တဲ့ "Hotel" မှာ ပြန်လည်သရုပ်ဆောင်ဖို့ သဘောတူခဲ့ပါတယ်။

FX သည်းထိတ်ရင်ဖို ဇာတ်လမ်းနဲ့ အော်စကာဆုရသွားတဲ့ Jessica Lange (ဂျက်စီကာ လန်ဂီ)နေရာမှာ
အစားထိုးခံရတဲ့ နာမည်ကျော် ပေါ့ပ်စတား ဂါဂါက သူမရွှေကမ္ဘာလုံးဆုရခဲ့တဲ့ showအတွက် ပြန်လည်ပါဝင်မယ်လို့ ဆိုပါတယ်။

ဂါဂါက Z100နဲ့ အင်တာဗျူးတစ်ခုမှာ ဒီနှစ်အတွက် showကို ပြန်လာဖို့ “yes’’ဆိုတဲ့ အဖြေကို ဖြေခဲ့ပါတယ်။

ဒီအဖြစ်အပျက်က The Born this Wayအဆိုကျော်ဟာ သွေးစုပ်ဖုတ်ကောင် မြို့စားကတော် အဖြစ်နောက်ဆုံးထွက်  အမေရိကန် ထိတ်လန့်ဖွယ် ဇာတ်လမ်းတွဲ  Hotelနဲ့ ဆုရပြီးနောက် ဖြစ်လာခဲ့တာပါ။

“ ဇာတ်လမ်းတွဲမှာ မြို့စားကတော်အဖြစ်သရုပ်ဆောင်ရတဲ့အခါ ကျွန်မ အမြဲမတူညီတဲ့ ဇာတ်ကောင်တွေကို သရုပ်ဆောင်နေရတယ်လို့ သတိပေးနေတယ်”    “ကျွန်မ သူတို့ကို အပြည့်အ၀ပဲ လုပ်ဆောင်တယ်”လို့ ဂါဂါက ဆိုပါတယ်။

သူမက “ကျွန်မက မြို့စားကတော်ရဲ့ အပြင်ဘက်မှာနေထိုင်တယ် ပြီးတော့ ဒါကအရမ်းလွတ်လပ်တယ် ဘာကြောင့်လဲဆိုတော့ သူမက ဘာအတွက်မှ အရေးမပါတာတွေအတွက် မလုပ်ဘူး သူမကအသက်ရှည်ရှည်နေတယ် သူမက စိတ်အနှောင့်အယှက်တွေအများကြီးကိုလည်း သိတယ်။ကျွန်မကတော့ အဲဒါတွေနဲ့ ကွဲပြားတယ်”ဆက်ပြောခဲ့ပါတယ်။

“သူမရဲ့နေရာကို သရုပ်ဆောင်တဲ့အတွက် ကျွန်မအတွက် ကျန်ခဲ့တာကတော့ သူမရဲ့ confidenceပါ။”လို့ ဂါဂါကဆိုပါတယ်။
နာမည်ကျော် ပေါ့ပ်စတား ဂါဂါက သူမဟာ ရွှေကမ္ဘာလုံးဆုကို ရတဲ့ ကြယ်ပွင့်တစ်ယောက်ဖြစ်လာမယ်လို့ဘယ်တုန်းကမှ ပုံဖော်မကြည့်ဖူးခဲ့ဘူးလို့ဆိုပါတယ်။

(Beauty Syh)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror