Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / နာမည်ကျော်အဆိုတော် Bankroll Fresh တစ်ယောက် စတူဒီယိုကအပြန်မှာ သေနတ်ဖြင့် ပစ်သတ်ခံရ

နာမည်ကျော်အဆိုတော် Bankroll Fresh တစ်ယောက် စတူဒီယိုကအပြန်မှာ သေနတ်ဖြင့် ပစ်သတ်ခံရ

| No comment


အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ တက်သစ်စ နာမည်ကျော် ဟစ်ပ်ဟော့ပ်အဆိုတော် Bankroll Fresh ဟာ Atlanta ရှိ Street Execs အသံသွင်းစတူဒီယိုအပြင်ဘက်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

နာမည်ရင်းTrentavious White ဖြစ်တဲ့ ရက်ပ်ပါအဆိုတော်ဟာ သောကြာနေ့ညက သေနတ်ဒဏ်ရာကြောင့် သေဆုံးသွားကြောင်း New York Daily News က စနေနေ့မှာ ကြေညာသွားပါတယ်။

မျက်မြင်သေသေတစ်ဦးကတော့ ကားတစ်စီးထဲကနေ လှမ်းပစ်သွားတာ ဖြစ်ကြောင့် မီးရောင်ကြောင့် သဲသဲကွဲကွဲမမြင်လိုက်ရဘူးလို့ ထွက်ဆိုပါတယ်။

သံသရရှိသူ တစ်စုံတစ်ဦးကိုမှ ဖမ်းစီးရမိခြင်းမရှိသေးပါဘူး။

Bankroll Fresh  ဟာ နာမည်ကျော် အနုပညာရှင်တွေဖြစ်တဲ့ 2 Chainz, Whiz Khalifa, Juicy J, Big Sean , Future စတဲ့သူတွေနဲ့ “ Hot Boy “ သီချင်းကို တွဲဖက်သီဆိုထားသူတစ်ဦးလည်း ဖြစ်ပါတယ်။

( Michelle )


#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : UPI