Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , “ Big Hero 6 “ ရုပ်သံဇာတ်လမ်းတွဲကို Disney XD က ၂၀၁၇ မှာ စတင်ပြသတော့မယ်

“ Big Hero 6 “ ရုပ်သံဇာတ်လမ်းတွဲကို Disney XD က ၂၀၁၇ မှာ စတင်ပြသတော့မယ်

| No comment


၂၀၁၄ ခုနှစ်က အောင်မြင်ကျော်ကြားခဲ့တဲ့ Big Hero 6 ရုပ်ရှင်ကားကို အခြေခံပြီး Animation ရုပ်သံဇာတ်လမ်းတွဲကို ၂၀၁၇ ခုနှစ်မှာ စတင်ပြသတော့မယ်လို့ Disney XDက ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပါတယ်။

 “ ကျွန်တော်တို့ရဲ့ Walt Disney Animation Studios က လုပ်ဖော်ကိုင်ဖက်တွေက Marvel ရုပ်ပြကာတွန်းတွေကို မှီငြမ်းပြီး အကောင်းဆုံး ကမ္ဘာသစ်တစ်ခုကို ဖန်တီးလိုက်ပါပြီ။ ပျော်စရာတွေ၊ တိုက်ခိုက်စွန့်စားခန်းတွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာ့အဆင့်မီ ကာတွန်းဇာတ်ကောင်တွေကို အသက်သွင်းပြီး Baymax ကို ဖန်တီးလိုက်ပါပြီ “ လို့ Disney Channels Worldwide ရဲ့ ဖန်တီးမှုဒါရိုက်ချုပ်လည်းဖြစ် ဥက္ကဌလည်းဖြစ်တဲ့ Gray Marsh က ကြေညာသွားပါတယ်။

ဂရမ်မီ ဆုရ ထုတ်လုပ်သူတွေဖြစ်တဲ့ Mark McCorkle နဲ့ ဖန်တီးထုတ်လုပ်သူ Bob Schooley တို့က  Disney Channel မှာ အောင်မြင်နေတဲ့ Kim Possible ရုပ်သံဇာတ်လမ်းတွဲက အဖွဲ့သားတွေနဲ့ တွဲဖက်ရိုက်ကူးတင်ဆင်မှာဖြစ်ပါတယ်။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : UPI