Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , (၁၀) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဖျော်ဖြေပွဲကျင်းပမယ့် BigBang

(၁၀) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဖျော်ဖြေပွဲကျင်းပမယ့် BigBang

| No comment


ကမ္ဘာတစ်လွှားလှည့်လည် ဖျော်ဖြေပွဲတွေပြီးဆုံးသွားတဲ့နောက်မှာ BigBang က (၁၀) နှစ်ပြည့်အထိမ်းအမှတ်အဖြစ်ကျင်းပတဲ့ ဖျော်ဖြေပွဲမှာ ပရိသတ်တွေနဲ့
ပြန်တွေ့ဖို့ ကတိပေးခဲ့ပါတယ်။

BigBangက ‘MADE’  ကမ္ဘာလှည့်ဖျော်ဖြေပွဲအတွက် နိုင်ငံပေါင်း (၁၃)နိုင်ငံမှာရှိတဲ့ မြို့ပေါင်း (၃၂) မြို့မှာ ပရိသတ် ၁.၅သန်းနီးပါးရှေ့မှာ ဖျော်ဖြေခဲ့ပြီးနောက် နောက်ဆုံးအပိတ်ပွဲစဉ်ကို Seoul မြို့မှာရှိတဲ့
Olympic Park မှာ မတ်လ (၆) ရက်နေ့က ကျင်းပခဲ့ပါတယ်။

ဒီဖျော်ဖြေပွဲကို ကမ္ဘာတစ်လွှားမှာရှိတဲ့ ပရိသတ်တွေကြည့်ရှုနိုင်ဖို့အတွက်  Naver ရဲ့ V app ကနေ
တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။

ဖျော်ဖြေပွဲကျင်းပနေစဉ်မှာ G-Dragon က ပရိသတ်တွေကို “လွန်ခဲ့တဲ့ (၁၀) နှစ်အတွင်းမှာ ကောင်းမွန်တဲ့ နေ့ရက်တွေပဲ ရှိခဲ့တာမဟုတ်ပါဘူး။ ဆိုးရွားတဲ့ နေ့ရက်တွေလည်း ရှိခဲ့ပါတယ်။ ကျွန်တော်တို့ ဒီနေ့ ဒီနေရာမှာ ရှိနေနိုင်တာဟာ ပရိသတ်တွေက အဲ့ဒီလိုအချိန်တွေမှာ အားပေးပြီး ချစ်ခင်ပေးခဲ့လို့ပါ။” လို့ပြောပါတယ်။

Seungri ကတော့ “ ဖျော်ဖြေပွဲမစခင်မှာ ကျွန်တော်တို့ YG ဝန်ထမ်းတွေနဲ့ အစည်းအဝေးထိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဒီနွေရာသီမှာ BigBang (၁၀) နှစ်ပြည့် အထိမ်းအမှတ်ဖျော်ဖြေပွဲကို ကိုရီးယားက ကွင်းပြင်ကျယ်ကြီးမှာ ကျင်းပပါမယ်” လို့ကြေညာခဲ့ပါတယ်။

“ပရိသတ်တွေရဲ့ (၁၀) နှစ်စာ အချစ်တွေကို တုံ့ပြန်တဲ့အနေနဲ့ ဖျော်ဖြေပွဲကို ပွဲတော်ကြီးအဖြစ် တစ်နေကုန် ကျင်းပမှာဖြစ်ပါတယ်” လို့ Taeyang ကထပ်ပေါင်းပြီးကြေညာခဲ့ပါတယ်။

ဖျော်ဖြေပွဲအပြီးမှာ Seungri က အဖွဲ့ဝင် ၅ ယောက်လုံးပါဝင်တဲ့ ဗီဒီယိုတစ်ခုကို Instagram မှာတင်ခဲ့ပါတယ်။ သူက “BigBang ရဲ့ ‘MADE Tour’ ကိုအားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျွန်တော်တို့
စိတ်ရင်းနဲ့ကျေးဇူးတင်ပါတယ်။

(၁၀) နှစ်ပြည့် အထိမ်းအမှတ်ဖျော်ဖြေပွဲမှာ ပြန်တွေ့ကြရအောင်။ လောလောဆယ်တော့ နှုတ်ဆက်ပါတယ်။”  ဆိုပြီး အားလုံးက ကင်မရာကို လက်ပြနှုတ်ဆက်ခဲ့ကြပါတယ်။

Taeyang နဲ့ G-Dragon တို့ကလည်း Instagram မှာအသီးသီး ကျေးဇူးတင်ကြောင်းရေးသားခဲ့ပါတယ်။


( RII )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : allkpop