ဒါကတော့အတွဲသစ်ပါ။အဆိုးတွေအလွဲတွေနဲ့နာမည်ကြီးတဲ့ Mean Girls ဇာတ်ကားက သရုပ်ဆောင်ကြယ်ပွင့် Lindsay Lohan (လင်ဆေးလိုဟန်)ဟာ ရက်တ်စင်လန်းထ်က စီးပွားရေးအင်ပါယာအုပ်စုရဲ့အမွေဆက်ခံသူ ရုရှားလူမျိုး အီဂေါ တာရာဘာဆော့ဗ် (Egor Tarabasov)နဲ့ အခုလောလောဆယ်မှာ တွဲခုတ်နေပါတယ်။
TMZ ရဲ့အဆိုအရ လင်ဆေးဟာ အီဂေါကို ရင်းနှီးတဲ့သူငယ်ချင်းတစ်ယောက်ကတဆင့်လန်ဒန်မှာ သိကျွမ်းခဲ့တာပါ။ သူတို့တွဲခုတ်နေတာ လေးလလောက်ရှိနေပြီး ဒါကတကယ်ကို လေးနက်ပါတယ်။
သတင်းရင်းမြစ်တွေရဲ့အဆိုအရ အီဂေါက ခရစ်စမတ်အားလပ်ရက်မှာ နယူးယောက်ခ်ကိုလာပြီး လင်ဆေးရဲ့မိခင် ဒိုင်နာ လိုဟန်နဲ့မိသားစုကို တွေ့ဆုံခဲ့ပါတယ်။ အသက် ၂၂နှစ်ရှိပြီဖြစ်တဲ့စီးပွားရေးလုပ်ငန်းရှင်ဟာ လင်ဆေးကို ပြသနာပေါင်းစုံကနေ ကယ်တင်နိုင်တဲ့အတွက်မိသားစုဆီက သဘောကျမှုကိုလည်း ရရှိထားတယ်လို့ သိရပါတယ်။
အီဂေါက လန်ဒန်မှာနေထိုင်ပြီးသူရဲ့အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းကိုစတင်လုပ်ကိုင်နေတာပါ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက လင်ဆေးဟာ သူမရဲ့ ချစ်သူနဲ့နှစ်ယောက်တွဲပုံတွေကို Instagramမှာဝေမျှခဲ့ပါတယ်။
(Beauty Syh)
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : aceshowbiz