Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ဖျော်ဖြေပွဲမှာ စိတ်ထိခိုက်ခဲ့တဲ့ မက်ဒေါနားက သားဖြစ်သူ ရိုကိုအတွက် သီချင်းတစ်ပုဒ်ကို သီဆိုထား

ဖျော်ဖြေပွဲမှာ စိတ်ထိခိုက်ခဲ့တဲ့ မက်ဒေါနားက သားဖြစ်သူ ရိုကိုအတွက် သီချင်းတစ်ပုဒ်ကို သီဆိုထား

| No comment

Madonna (မက်ဒေါနား)ကသူမရဲ့ နောက်ဆုံး အယ်လ်ဘမ် Rebel Heart ကို မတ်လ၅ရက် တနင်္ဂနွေနေ့က နယူးဇီလန်မှာ မိတ်ဆက်ဖျော်ဖြေပေးနေစဉ်မှာ သူမရဲ့အတွင်းရေး ပြသနာတွေကိုပါ ထုတ်ပြခဲ့ပါတယ်။

အဆိုကျော် ပေါ့ပ်ဘုရင်မ ခင်ပွန်းဟောင်း ဂိုင်းရစ်ချီနဲ့ ယခုလက်ရှိ လန်ဒန်မှာနေနေတဲ့ သူမရဲ့သား ရိုကိုအတွက် သီချင်းတစ်ပုဒ်ကို ရည်ညွှန်းခဲ့ပါတယ်။

“ဒါကအမှန်တကယ်ပါ အမေရဲ့မေတ္တာထက် အင်အားကြီးတာ ဘာမှမရှိဘူး”လို့ မက်ဒေါနားက ဆိုပါတယ်။
“ပြီးတော့ဒါကို အများကြီးပြောရရင် ကျွန်မငိုမိမှာပါ ဒါပေမယ့်ဒီသီချင်းက သူ့ကိုပဲ ရည်ညွှန်းပါတယ် ဒါကို သူအရွယ်ရောက်လာတဲ့အခါ နားလည်မှာပါ”လို့ သူမကဆက်ပြောခဲ့ပါတယ်။

မက်ဒေါနားက  သားဖြစ်သူကို အုပ်ထိန်းခွင့်အတွက်ခင်ပွန်းဟောင်းနဲ့အခြေအတင်တိုက်ပွဲဖြစ်နေခဲ့တာပါ။
မက်ဒေါနားကသူမရဲ့ သားကို လန်ဒန်မှာ ဖခင်နဲ့ကျန်ခဲ့ဖို့သဘောတူခဲ့ပေမယ့် အသက်၁၅နှစ်အရွယ် သားဖြစ်သူကို သူမရှိရာ US ကို တစ်ပတ်တခါ လာဖို့မျှော်လင့်နေခဲ့ပါတယ်။

“ဒီသီချင်းကို သူနေရာတိုင်းမှာ ကြားနိုင်ပါတယ် ပြီးတော့ကျွန်မသူ့ကိုဘယ်လောက်လွမ်းနေတယ်ဆိုတာ သိနိုင်ပါတယ်လို့” La Vie an Roseသီချင်းကို မဆိုခင် Ausland’s Vector Arena မှာ ရှိတဲ့ပရိသတ်တွေကို ပြောပြခဲ့ပါတယ်။

မက်ဒေါနားနဲ့ရစ်ချီတို့ဟာ အုပ်ထိန်းခွင့်အတွက် အပေးအယူလက်မှတ်ထိုးဖို့ နီးကပ်လာပြီဖြစ်ပါတယ်။
သူတို့ပြေလည်သွားမှာလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။ အမှုကို နယူးယော့ခ် တရားရုံးမှာ ဇွန်လမှာစတင်မှာဖြစ်ပြီး လန်ဒန်မှာတော့ မတ်လ ၁၀ရက်နေ့မှာ စတင်မှာ ဖြစ်ပါတယ်။

(Beauty Syh)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com


Ref : Mirror