Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ဂျက်စတင်ဘီဘာနဲ့ ဆလီနာဂိုးမက်ဇ်တို့က အချစ်ရေးကို အသက်ပြန်သွင်းဖို့ ရည်မှန်းနေ

ဂျက်စတင်ဘီဘာနဲ့ ဆလီနာဂိုးမက်ဇ်တို့က အချစ်ရေးကို အသက်ပြန်သွင်းဖို့ ရည်မှန်းနေ

| No comment

သီချင်းတွေ တစ်ကျော့ပြန်ထုတ်လုပ်ခဲ့ကြပြီး နှစ်ယောက်စလုံးကလည်း လတ်တလောမှာ အောင်မြင်မှုတွေကို ပြန်ရယူနေတဲ့ အဆိုတော် Justin Bieber (ဂျက်စတင်ဘီဘာ)နဲ့ အဆိုတော်မလေး Selena Gomez (ဆလီနာဂိုးမက်ဇ်)တို့ဟာဆိုရင်တော့ သူတို့ရဲ့ အချစ်ရေးကို ပြန်ပြီး အသက်သွင်းဖို့ ကြိုးစားလျက်ရှိနေတယ်လို့ သိရပါတယ်။

ဂျက်စတင်ဘီဘာကတော့ “Sorry” , “What Do You Mean?” စတဲ့သီချင်းအမိုက်စားတွေနဲ့ အောင်မြင်နေသလို ဆလီနာဂိုးမက်ဇ်ကလည်း “Hands To Myself” ဆိုတဲ့ သီချင်းနဲ့ အောင်မြင်မှုတွေကို ပြန်လည်ရရှိထားတဲ့ အဆိုတော်တွေဖြစ်ပါတယ်။

သူတို့နှစ်ယောက်ဟာဆိုရင်တော့ လော့စ်အိန်ဂျလိစ်မြို့မှာ ၂၃ ရက်နေ့ညတုန်းက ပြန်ပြီး နားလည်မှုရရှိဖို့ စကားပြောခဲ့ကြပြီး ဘီဘာက သူ့ရဲ့ လော့စ်အိန်ဂျလိစ်ဖျော်ဖြေပွဲမှာ ဆလီနာကို အတူရှိနေစေခဲ့တယ်လို့ သိရပါတယ်။ နှစ်ယောက်စလုံးကတော့ လောလောဆယ်မှာ ထွက်ရှိထားတဲ့ အယ်လ်ဘမ်သစ်တွေအတွက် ကမ္ဘာလှည့်ဖျော်ဖြေပွဲတွေကို ပြုလုပ်နေကြပြီး ဖျော်ဖြေပွဲတွေအပြီးမှာ နှစ်ယောက်လုံးက နားလည်မှုရှိရှိနဲ့ သူတို့ရဲ့ အချစ်ရေးကို ပြန်အကောင်အထည်ဖော်ဖို့ ကြံစည်နေတယ်လို့ သိရပါတယ်။

ဂျက်စတင်ဘီဘာဟာဆိုရင်တော့ သူ့ရဲ့ရည်းစားဟောင်းဖြစ်သူကို အတော်လေးကို လွမ်းဆွတ်နေပြီး ပြီးခဲ့တဲ့ ငါးရက်တုန်းကလည်း ဘီဘာက သူ့ရဲ့ Instagram စာမျက်နှာမှာ ဆလီနာဂိုးမက်ဇ်နဲ့ ချစ်ကြိုက်စဉ်က အကြင်နာပေးနေတဲ့ဓာတ်ပုံကို တင်ထားခဲ့ပါတယ်။

ဆလီနာဟာဆိုရင်တော့  ဂျက်စတင်ဘီဘာရဲ့ ဖျော်ဖြေပွဲမှာ အဝတ်လဲခန်းအတွင်းကနေ နှစ်ယောက်အတူတူ ထွက်လာကြပြီး သူတို့နှစ်ယောက်ကို ကြည့်ရတာကလည်း တကယ့်ကို ပျော်နေပုံပေါ်တယ်လို့ သိရပါတယ်။ ဆလီနာနဲ့ ဘီဘာတို့ဟာဆိုရင်တော့ ပြီးခဲ့တဲ့အပတ်တွင်းကလည်း တစ်ကြိမ်ထက်မကတွေ့ဆုံခဲ့ကြပြီး ဟိုတယ်ရေကန်ဘေးနဲ့ ဘားတွေမှာ တစ်ချိန်လုံးအတူတူရှိနေခဲ့တယ်လို့ သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Aceshowbiz