Katy Perry (ကေတီပယ်ရီ)နဲ့ Orlando Bloom (အော်လန်ဒို ဘလွန်း) တို့ နာမည်ကျော်စုံတွဲကတော့ ဒီတစ်ပတ် ဟာဝိုင်အီကမ်းခြေမှာ လက်ချင်းတွဲပြီး လမ်းလျှောက်ထွက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ဇန်န၀ါရီလက တွေ့ဆုံခဲ့တဲ့ စုံတွဲဟာ တနင်္ဂနွေနေ့က Kauaiကမ်းခြေမှာ ညစာလည်း အတူတူစားခဲ့ကြခဲ့ပါတယ်။
အသက် ၃၉ ရှိပြီဖြစ်တဲ့ နာမည်ကျော် The Lord of the Rings ဇာတ်ကားရဲ့ မင်းသား အော်လန်ဒိုဟာ
Maui က Grand Wailea Resortမှာ သီးသန့်ဖျော်ဖြေပွဲအတွက် ရောက်ရှိနေတဲ့ အသက် ၃၁ အရွယ် Katyကို ဆက်သွယ်ခဲ့ပါတယ်။
မျက်မြင်သက်သေတစ်ဦးကတော့ “သူတို့နှစ်ယောက်တစ်ယောက်ကို တစ်ယောက် တကယ်ချစ်မြတ်နိုးကြပါတယ်”လို့ဆိုပါတယ်။
နာမည်ကျော်စုံတွဲဟာ ရှေ့ရေးကိုတကယ် တွေးနေကြပြီး Katyက သူမရဲ့ ဘ၀ကို အော်လန်ဒိုနဲ့တည်တည်ငြိမ်ငြိမ်ဖြတ်သန်းချင်ပုံရပါတယ်။
Katy က အော်လန်ဒိုရဲ့ အသက် ၅နှစ်အရွယ် သားလေး Flynnနဲ့လည်းတွေ့ဆုံပြီးပြီလို့ဆိုပါတယ်။
၂၀၁၂ထိ နှစ်နှစ်ကြာ ရူးဆယ်လ် ဘရန်းနဲ့လက်ထပ်ခဲ့တဲ့ Katyဟာ ကွာရှင်းပြီး ဂျွန်မေယာနဲ့ ဒိတ်လုပ်ခဲ့ပါသေးတယ်။အော်လန်ဒိုနဲ့ကတော့ လောစ့်အိန်ဂျလိစ်က Adele Concept မှာ ပြီးခဲ့တဲ့ လအတွင်းက လူတွေအများကြီးကြားမှာတွေ့ရှိခဲ့တာပါ။
(Beauty Syh)
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Mirror