Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , အကြမ်းဖက်တိုက်ခိုက်မှုအပြီးမှာ ဘရပ်ဆဲလ်က ဖျော်ဖြေပွဲကို ဖျက်သိမ်းခဲ့တဲ့ မာရိုင်းဟ်ကာရေး

အကြမ်းဖက်တိုက်ခိုက်မှုအပြီးမှာ ဘရပ်ဆဲလ်က ဖျော်ဖြေပွဲကို ဖျက်သိမ်းခဲ့တဲ့ မာရိုင်းဟ်ကာရေး

| No comment


အမေရိကန်ပေါ့ပ်စတား Mariah Carey (မာရိုင်းဟ်ကာရေး)ဟာ တနင်္ဂနွေနေ့မှာ ကျင်းပမယ့် သူမရဲ့ဘရူဆယ်လ်က ဖျော်ဖြေပွဲကို ဖျက်သိမ်းကြောင်းကြေညာခဲ့ပါတယ်။

ကာရေးက သူမရဲ့တွစ်တာ စာမျက်နှာမှာ “ကျွန်မရဲ့ပရိသတ်တွေကို ကျွန်မချစ်ပါတယ် ဒါပေမယ့် ကျွန်မရဲ့ပရိသတ်တွေ၊တီးဝိုင်း ၊အဖွဲ့နဲ့ဒီ ဖျော်ဖြေပွဲမှာ ပါဝင်တဲ့ လူတွေအားလုံးရဲ့လုံခြုံရေးအတွက် ကျွန်မဒီပွဲကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်”လို့ ရေးသားခဲ့ပါတယ်။

ဒါ့အပြင်သူမက “ကျွန်မအားလုံးနဲ့ မကြာခင်မှာတွေ့ရဖို့ မျှော်လင့်ပါတယ် ပြီးတော့ ကျွန်မရဲ့ဆုတောင်းတွေ ရယ်သံတွေ အဆုံးမရှိတဲ့အချစ်တွေနဲ့ အလင်းရောင်တွေကို ကျွန်မသိုးငယ်လေးတွေ(ပရိသတ်) ဆီကို ပို့ပေးလိုက်ပါတယ်”လို့ ရေးသားခဲ့ပါတယ်။

ကာရေးရဲ့ ကြေညာချက်ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က လူ ၃၀၀ထက်မနည်း ဒဏ်ရာရခဲ့ပြီး ၃၁ဦးသေဆုံးခဲ့တဲ့ ဘယ်လ်ဂျီယမ်မြို့တော်ရဲ့ လေဆိပ်နဲ့ မြေအောက် ဘူတာရုံတို့မှာ ဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲမှုတွေ အပြီး ထွက်ပေါ်လာခဲ့တာပါ။

(Beauty Syh)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : UPI