Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , , လီယိုနာဒိုကို အိမ်ထောင်ကျပြီး သားသမီးတွေရစေချင်တဲ့ ကိတ်ဝင်းစလက်

လီယိုနာဒိုကို အိမ်ထောင်ကျပြီး သားသမီးတွေရစေချင်တဲ့ ကိတ်ဝင်းစလက်

| No comment


Titanic ဇာတ်လမ်းမှာ လီယိုနာဒိုနဲ့ အတူတူသရုပ်ဆောင်ခဲ့ကြပြီး အခုအချိန်အထိ လီယိုရဲ့ သူငယ်ချင်းကောင်းဖြစ်နေတဲ့ မင်းသမီးချော ကိတ်ဝင်းစလက်ဟာ ၂၀၁၆ အော်စကာဆုပေးပွဲမှာ The  Renevant ဇာတ်ကားနဲ့ အကောင်းဆုံး မင်းသားဆုကို မင်းသား လီယိုနာဒိုရရှိသွားကြောင်း ကြေညာလိုက်တဲ့အခါမှာတော့ သူကိုယ်တိုင်ရသလိုမျိုးကို အရမ်းကို ပျော်ရွှင်သွားတဲ့ ပုံစံကို တွေ့ခဲ့ရပါတယ်။

ဒီလိုမျိုး လီယိုရဲ့ အိပ်မက်ရှည်က အမှန်တကယ်ဖြစ်လာပြီးတဲ့နောက် ကိတ်မှာ လီယိုကို ဖြစ်စေချင်နေသေးတဲ့ နောက်ထပ် အိပ်မက်တစ်ခု ရှိနေပါသေးတယ်။ အဲဒါကတော့သူမရဲ့ မိတ်ဆွေ လီယိုကို အိမ်ထောင်ဦးစီးဖြစ်ပြီး သားသမီးတွေထွန်းကားစေချင်သေးတာဖြစ်ပါတယ်။ Hollywood Life ရဲ့ အတွင်းလူတစ်ယောက်က ’’ကိတ်က လီယို အော်စကာဆုရသွားလို့ပျော်နေတာပါ သူမက လီယို့ကို အိမ်ထောင်ပြုပြီးအခြေကျစေချင်တာပါ ။သူမရဲ့ မိတ်ဆွေကြီး လီယိုက ဖခင်ကောင်းဖြစ်လာမယ်ဆိုတာ သူမက ယုံကြည်နေပါတယ်’’ လို့ပြောပြခဲ့ပါတယ်။

ဒါ့အပြင် အသက်လေးဆယ်အရွယ် မင်းသမီးကြီး ကိတ်ဝင်းစလက်မှာ ကိုယ်ဝန်ရှိနေတယ်လို့ လူတွေက ထင်ကြေးပေးနေကြပါတယ်။ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ဆုပေးပွဲမှာ ဘရီလာဆင် (Brie Larson)နဲ့ ကိတ်ဘလန့်ချက်(Cate Blanchett)တို့က ကိတ်ရဲ့ ၀မ်းဗိုက်ကို ကိုင်ခဲ့တာကို ကြည့်ပြီး ထင်ကြေးအမျိုးမျိုးပေးနေကြတာပါ။

ကိတ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ခုကတော့ "သူမ ဘာကိုမှမျှော်လင့်မထားပါဘူး သူမရိုးရိုးသားသားပဲ ၀တ်စုံပေါ်က ဖန်စီတွေကို သူမရဲ့မိတ်ဆွေကို ပြတာပါ’’ လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

(Beauty Syh)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : aceshowbiz