ဂျက်စတင်ဘီဘာရဲ့ရည်းစားဟောင်း Selena Gomez (ဆယ်လီနာဂိုမက်ဇ်) ကတော့ သူမရဲ့နောက်ထပ်အချစ်သစ်ကို ရှာတွေ့နေပုံရပါတယ်။
The
Hands to Myselfသီချင်းနဲ့ hit ဖြစ်နေတဲ့အဆိုတော်မလေးဟာပြီးခဲ့တဲ့
တနင်္ဂနွေနေ့က အော်စကာဆုပေးပွဲပါတီမှာ သူမရဲ့ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ တေလာဆွစ်ဖ်ရဲ့မောင်
အော်စတင်ဆွစ်ဖ်နဲ့ တပူးပူးတတွဲတွဲရှိနေပြီး သူမတို့နှစ်ယောက် ဒိတ်လုပ်နေကြတယ်လို့ ထင်မြင်ချက်တွေ
ထွက်လာခဲ့တာပါ။
မျက်မြင်သက်သေတစ်ဦးကတော့
“အဲဒီညက သူတို့နှစ်ယောက် ခွဲလို့မရအောင် တတွဲတွဲရှိနေပြီး အတူတူ အချိန်ဖြုန်းခဲ့ကြတယ်”လို့
ဆိုပါတယ်။”သူတို့နှစ်ယောက်ကို ဒီလိုမြင်ရတာ ဒါပထဆုံး အကြိမ်မဟုတ်တော့ပါဘူး”လို့ သူက
ဆက်ပြောပါတယ်။
သတင်းရင်းမြစ်တွေကတော့
“ ဆယ်လီနာနဲ့အော်စတင်တို့က သူတို့အတူတူရှိနေရင်း အချိန်ဖြုန်းရတာကို သဘောကျတယ် သူတို့နှစ်ယောက်က
ဘယ်တော့မှ လက်ချင်းတွဲလေ့မရှိဘူး ဒါပေမယ့်
သူတို့ကို ကြည့်ရတာ ပျော်ရွှင်နေပြီးတကယ်ကိုလိုက်ဖက်တဲ့ စုံတွဲပါ’’လို့ အခိုင်အမာ
ဆိုပါတယ်။
ယခင်က သတင်းမီဒီယာတွေကတော့
ဂျက်စတင်ဘီဘာရဲ့ ချစ်သူဟောင်း ဆယ်လီနာနဲ့ အော်စတင်တို့ဟာပြီးခဲ့တဲ့လ
ဂရမ်မီဆုပေးပွဲမှာ တွေ့ခဲ့တာ ဖြစ်ပြီး နှစ်ယောက်သားဘေးချင်းကပ်ထိုင်ခဲ့တယ်လို့
ဆိုပါတယ်။ဒါ့အပြင်
သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ အရမ်းကိုနွေးထွေးတဲ့ပုံပေါက်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။
(Beauty
Syh)
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref:Aceshowbiz