Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , ဟယ်လီဘယ်ရီနဲ့ အိုလီဗီယာမာတင်တို့ ပြန်ပေါင်းထုပ်ကြတော့မှာလား???

ဟယ်လီဘယ်ရီနဲ့ အိုလီဗီယာမာတင်တို့ ပြန်ပေါင်းထုပ်ကြတော့မှာလား???

| No comment

အသက် ၄၉နှစ်ရှိပြီဖြစ်တဲ့ မင်းသမီးကြီး ဟယ်လီဘယ်ရီနဲ့ ပြင်သစ်မင်းသား အိုလီဗီယာ မာတင်တို့ရဲ့ ဆက်ဆံရေး အခြေအနေဟာ ကောင်းမွန်နေပုံပါပဲ။ ဟယ်လီဘယ်ရီ နဲ့ အိုလီဗီယာတို့ဟာ သူတို့ရဲ့ မိသားစုအားလပ်ရက်ကို မက်ဆီကိုက Puerto Vallartaမှာ အချိန်အတူတူ ဖြုန်းခဲ့ကြပါတယ်။

ဟယ်လီဘယ်ရီနဲ့ မာတင်တို့ဟာ ပြတ်စဲကြပြီးနောက် စုံတွဲအနေနဲ့ ပွဲမတက်တာ ကြာပြီဖြစ်ပါတယ်။ဒါပေမယ့် သူတို့နှစ်ယောက်ကြားမှာ အချစ်တွေရှိနေသေးပုံပါပဲ။

နာမည်ကျော်စုံတွဲဟာ ဒီတပတ်အတွင်းက နှစ်နှစ်အရွယ်ရှိပြီဖြစ်တဲ့ သား မက်ဆီယို နဲ့ မိသားစုအားလပ်ရက်ခရီးထွက်နေတဲ့ အချိန်မှာ အဆင်ပြေနေတာတွေ့ခဲ့ရပါတယ်။

ဟယ်လီဘယ်ရီနဲ့မာတင်တို့ဟာ ကမ်းခြေမှာ နေဆာလှုံနေစဉ်အတွင်း တစ်ယောက်နဲ့တစ်ယောက် ရွန်းရွန်းစားစားကြည့်ပြီး စကားတွေပြောခဲ့ကြပါတယ်။ဘယ်ရီက ဆွဲဆောင်မှုရှိတဲ့ဘီကီနီအပေါ်မှာ အပါးတစ်ထပ်ဝတ်ဆင်ထားပြီးသူမရဲ့ ခင်ပွန်းဟောင်း မာတင်ရဲ့ ရင်အုပ်အပေါ်ကို လက်တင်ထားပါတယ်။

အဆိုပါခရီးစဉ်မှာ သမီးငယ် နာလာလည်းပါဝင်ခဲ့ပါတယ်။

သတင်းရင်းမြစ်တစ်ခုကတော့ “မာတင်က ဘယ်တုန်းကမှ မကွာရှင်းခဲ့ချင်ပါဘူး သူအဲဒါနဲ့ပတ်သက်ပြီးတော့ စိတ်လည်းထိခိုက်ခဲ့ရတယ်”လို့ People မဂ္ဂဇင်းကို ပြောခဲ့ပါတယ်။

သူတို့ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ဆက်ဆံရေးကောင်းမွန်လာတယ်လို့ ထင်ကြေးတွေပေးနေကြသလို တခြားအတွင်းလူတစ်ယောက်ကတော့ “အခြေအနေက မပြောင်းလဲပါဘူး သူတို့က အမြဲတမ်းသူငယ်ချင်းတွေပါ”လို့ ဆိုပါတယ်။

(Beauty Syh)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com


Ref : Aceshowbiz