Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ဇေန်နဲ့ ဂီဂီဟက်ဒစ်တို့ရဲ့ အချစ်နေ့ရက်များ

ဇေန်နဲ့ ဂီဂီဟက်ဒစ်တို့ရဲ့ အချစ်နေ့ရက်များ

| No comment



မီလန် ဖက်ရှင်ရက်သတ္တပတ်မှာ One Directionအဖွဲ့သားဟောင်း ဇေန်မာလစ် (Zayn malik)နဲ့ ချစ်သူဂီဂီဟက်ဒစ်(GiGi Hadid)တို့ဟာ လက်ချင်းတွဲလာခဲ့ကြပြီး ဒီစုံတွဲဟာအရမ်းကို ချစ်နေကြတဲ့ ပုံပေါ်ပါတယ်။


OneD ရဲ့ အဖွဲ့သားဟောင်း ဇေန်ဟာ မြို့တော်ရဲ့ဖက်ရှင်ပြေးလမ်းပေါ်မှာ အလုပ်များနေတဲ့ မော်ဒယ်လ်ချစ်  သူနဲ့လမ်းလျှောက်ရတာ သက်တောင့်သက်တာရှိနေပုံပါပဲ။ ဂီဂီက သူမရဲ့အမြဲစတိုင်လ်ဖြစ်တဲ့ အပြာရောင် ဂျင်းပျော့ကုတ်အကျီင်္နဲ့ အောက်ကအနက်ရောင် အမျိုးသမီးဝတ်စုံကို ၀တ်ဆင်ထားပါပြီး သူမကိုကြည့်ရတာ ပေါ့ပေါ့ပါးပါးရှိလှပါတယ်။ ဇိုင်ယန်ကတော့ ဂျင်းဘောင်းဘီအပြဲဒီဇိုင်းနဲ့ တီရှပ်အနက်ပေါ်မှာ အစိမ်းရောင်ကုတ်ကို ထပ်ဝတ်ထားပါတယ်

နာမည်ကျော်စုံတွဲရဲ့ပုံတွေဟာ သောကြာနေ့က Versace ရှိုးပွဲမှာ ဂီဂီက သူမရဲ့ကိုယ်လုံးကို ကြွားလုံးထုတ်ခဲ့ပြီးနောက်ပုံတွေပါ။ဂီဂီဟာ နာမည်ကြီးအဆင့် Brandအတွက် ဖက်ရှင်လျှောက်လမ်းမှာ သူမရဲ့ဝတ်စုံကို ပြသနေစဉ် မမျှော်လင့်ထားတာ ဖြစ်လာခဲ့ပါတယ်ဂီဂီက ရင်ဘတ်တခြမ်းကို လျော့ရဲရဲဖော်ထားပြီး ပါးလွှာတဲ့ ဘီးကုပ်နဲ့ ငွေရောင် လည်ပတ်ကို ၀တ်ဆင်ထားပါတယ်။

ဖက်ရှင်အမှားအယွင်းကြောင့်အကျီင်္ကြိုးက လျောကျပြီးရင်ဘတ်တခြမ်းပေါ်သွားတာပါ။ဒါပေမယ့် ဂီဂီက အဆုံးထိ အမှားအယွင်းမရှိဘဲ လျှောက်ခဲ့ပါတယ်။ အလားတူ ပြသနာမျိုး ဂီဂီရဲ့အချစ်ဆုံးသူငယ်ချင်း ကန်ဒဲဂျန်နာ (Kendall Jenner)မှာလည်းဖြစ်ခဲ့ပြီး သူမကတော့ ၀တ်စုံရဲ့ကျောဘက်က ဖြစ်ခဲ့တာပါ။

တစ်ချို့တွေက ဒါတမင်သက်သက် လုပ်တယ်လို့ ဆိုပေမယ့်မော်ဒယ်လ်မလေးကတော့ " Fashion အမှားအယွင်းတွေဟာ အချိန်တိုင်းဖြစ်နေတယ်”လို့ သူမရဲ့ တွစ်တာစာမျက်နှာထက်မှာရေးသားခဲ့ပါတယ်။
“၀တ်စုံလွဲချော်မှုတွေက ဖက်ရှင်လျှောက်လမ်းမှာ အမြဲဖြစ်နေပြီး ကျွန်မကံမကောင်းပါဘူး ဒါပေမယ့်အဲဒီအစားVersaceက လည်ပတ်အသစ်တွေအကြောင်းပဲပြောရအောင်”လို့သူမရဲ့ပရိသတ်တွေကို Twitterကတစ်ဆင့်ပြောခဲ့ပါတယ်။

(Beauty Syh)

#သစ်ထူးလွင် (နာမည်ကြီးပုဂ္ဂိုလ်များ)]
#celebrity.thithtoolwin.com

Ref: Mirror