Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , တတိယအပတ်အတွက် မြောက်အမေရိက Box Officeမှာ Deadpool ဇာတ်ကား ထိပ်ဆုံးရောက်ရှိ

တတိယအပတ်အတွက် မြောက်အမေရိက Box Officeမှာ Deadpool ဇာတ်ကား ထိပ်ဆုံးရောက်ရှိ

| No comment


နာမည်ကျော် Deadpool ဇာတ်ကားဟာ  မြောက်အမေရိက box office မှာ တတိယ ပတ်တွင် ၀င်ငွေအများဆုံးရရှိခဲ့ကြောင်း Rentrakက ကြေညာခဲ့ပါတယ်။R အဆင့်ရှိတဲ့ superheroက အပိုဝင်ငွေ ၃၁.၅ မီလီယံဒေါ်လာကို သောကြာနေ့မှ တနင်္ဂနွေနေ့အထိ ရှာဖွေနိုင်ခဲ့ပြီး နံပါတ်၁နေရာမှာ ရောက်ရှိခဲ့တာပါ။

နံပါတ် ၂နေရာမှာတော့ Gods of Egyptဇာတ်ကားက ၁၄မီလီယံဒေါ်လာ ၊နံပါတ်၃နေရာမှာတော့ Kung Fu Panda 3 က ၉ မီလီယံဒေါ်လာနဲ့ ရပ်တည်နေပါတယ်။

Risen ဇာတ်ကား က   ၇မီလီယံဒေါ်လာနဲ့နံပါတ် ၄ ၊ Edddie the Eagleက ၆.၃  မီလီယံဒေါ်လာ နဲ့ နံပါတ် ၅၊Triple 9 က ၆.၁ မီလီယံဒေါ်လာနဲ့ နံပါတ် ၆၊ ၅.၂ မီလီယံဒေါ်လာရရှိထားတဲ့ How to be Single က နံပါတ် ၇၊ သူရဲ့နောက်မှာတော့ ၅ မီလီယံဒေါ်လာ ရရှိထားတဲ့ The Witch ဇာတ်ကား ၊ နံပါတ် ၉နေရာမှာ  ၄.၃ မီလီယံဒေါ်လာ ရရှိထားတဲ့ Race ဇာတ်ကား ရှိနေပြီး ပူပူနွေးနွေးအော်စကာ ဆုရထားတဲ့ မင်းသား လီယိုနာဒိုရဲ့ The Renevant ဇာတ်ကားက နံပါတ် ၁၀နေရာမှာ ရပ်တည်နေပါတယ်။

(Beauty Syh)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref:UPI