Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , နာမည်အရင်းသုံးပြီး သရုပ်ဆောင်လုပ်မည့် BTSအဖွဲ့ဝင် V

နာမည်အရင်းသုံးပြီး သရုပ်ဆောင်လုပ်မည့် BTSအဖွဲ့ဝင် V

| No comment


Vဟာ သရုပ်ဆောင်အဖြစ် ပွဲဦးထွက်လှုပ်ရှားမယ်လို့ BTSအဖွဲ့ရဲ့ အေဂျင်စီ Big Hit Entertainment က ဖေဖော်ဝါရီလ (၂၉)ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ Vဟာ KBS 2TVရုပ်သံလိုင်းက ထုတ်လွှင့်မယ့် ရာဇဝင်ဇာတ်လမ်းတွဲ ‘Hwarang: The Beginning’ မှာပါဝင်မှာပါ။

သရုပ်ဆောင်အလုပ်ကိုတော့ နာမည်အရင်းဖြစ်တဲ့ Kim Taehyung ကိုသုံးပြီး လုပ်မှာပါ။

ဒီဇာတ်လမ်းတွဲကို ဒုတိယနှစ်ဝက်ပိုင်းမှာ ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ဇာတ်လမ်းက Silla မင်းဆက်ခေတ်မှာ အခြေတည်ထားပါတယ်။ Vရဲ့ဇာတ်ကောင်စရိုက်ကတော့ Han Sungလို့အမည်ရပြီး Silla တော်ဝင်မိသားစုကို အတိုက်အခံလုပ်တဲ့ Suk Hyun Jae ရဲ့မြေးနေရာက သရုပ်ဆောင်ထားပါတယ်။

Han Sungက ကြင်နာတတ်ပြီး ဖော်ရွေသူ တစ်ဦးဖြစ်ပါတယ်။ လူတွေနှင့်လည်း လိုက်လျောညီထွေနေတတ်သူပါ။ ဒါပေမယ့်လည်း သူ့ကြောင့်ပဲ မိသားစုနှင့်သူငယ်ချင်းတွေကြားမှာ သဘောထားကွဲလွဲမှုတွေဖြစ်လာမှာပါ။

ဒါဟာ BTS အဖြစ် ၂၀၁၃မှာ ပွဲဦးထွက်ခဲ့ပြီးနောက် Vအတွက်ပထမဆုံး သရုပ်ဆောင်ခြင်းဖြစ်ပါတယ်။ တခြားပါဝင်မယ့် သရုပ်ဆောင်တွေကတော့ Park SeoJoon၊ Go Ara၊ ZE:A’s park Hyun Sik နှင့် SHINEE’s Minho တို့ဖြစ်ပြီး ပရိသတ်စိတ်ဝင်စားမှု အများအပြားရရှိနေပါတယ်။


(RII)


#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Soompi