Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Cubaနိုင်ငံမှာ Free Concert လုပ်မယ့် နာမည်ကျော် Rolling Stonesအဖွဲ့

Cubaနိုင်ငံမှာ Free Concert လုပ်မယ့် နာမည်ကျော် Rolling Stonesအဖွဲ့

| No comment

“America latina Ole Tour”ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်နဲ့ free concert တစ်ခုကို ကျုးဘားနိုင်ငံ ဟာဘားနားမှာ မတ်လအတွင်း ကျင်းပသွားမယ်လို့ Rolling stonesအဖွဲ့က ကြေညာခဲ့ပါတယ်။

ထိုင်ခုံ၁၅၀၀ဆံ့တဲ့ Havana’s Ciudad Deportiva de la Havana Stadiumမှာ ဖျော်ဖြေမှာ ဖြစ်ပြီး
မတ်လ ၂၅ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။

“ကျွန်တော်တို့ရဲ့ အနုပညာ သက်တမ်းတစ်လျှောက် ထူးခြားတဲ့နေရာအမျိုးမျိုးမှာ ဖျော်ဖြေခဲ့ဖူးပါတယ်။
ဒါပေမယ့် ဒီဟာဘားနားမှာ လုပ်မယ့်ပွဲကတော့ကျွန်တော်တို့အတွက် သာမက ကျူးဘားက ကျွန်တော်တို့ရဲ့ သူငယ်ချင်းတွေအတွက်ပါ ထူးခြားတဲ့ ပွဲဖြစ်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်’’လို့ Rolling stones အဖွဲ့က ပြောကြားခဲ့ပါတယ်။

Free Concert ဖြစ်တဲ့အပြင် ကျူးဘားဂီတပညာရှင်တွေကို အရည်အသွေးမြင့်တဲ့ တူရိယာတွေ လှူဒါန်းသွားမယ်လို့ သိရပါတယ်။

Rolling Stone အဖွဲ့က ကျူးဘား နိုင်ငံကို အိုဘာမားရဲ့ အလည်အပတ်ခရီးစဉ်နောက် လေးရက်အကြာမှာရောက်ရှိခဲ့ပါတယ်။

“Concept of Amity”လို့ အမည်ရတဲ့ ဖျော်ဖြေပွဲကို ဒါရိုက်တာ Paul Dagaleကရိုက်ကူးမှာ ဖြစ်ပြီး
JA Digitalက ထုတ်လွှင့်မယ်လို့ သိရပါတယ်။

(Beauty Syh)

#သစ်ထူးလွင် (နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref: UPI