Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Disney Pixar မှ Finding Dory ရုပ်ရှင်နမူနာ အသစ်ထွက်ရှိ

Disney Pixar မှ Finding Dory ရုပ်ရှင်နမူနာ အသစ်ထွက်ရှိ

| No comment


ပရိသတ်တွေ အချိန်အကြာကြီစောင့်ခဲ့ရတဲ့ Finding Nemo ရဲ့အဆက် Finding Doryရဲ့ ရုပ်ရှင်နမူနာ အသစ် Disney Pixar မှ ထွက်ရှိလာပါပြီ။

ဒီဇာတ်ကားမှာလည်း မူလဇာတ်ကားရဲ့ အသံသရုပ်ဆောင်တွေဖြစ်တဲ့ Albert Brooks
နှင့် Ellen DeGeneres တို့ကပါဝင်ထားပါတယ်။

Finding Dory ကတော့ ပထမဇာတ်ကားအဆုံးသတ်ပြီး (၆)လအကြာမှာ အခြေတည်ထားပါတယ်။ Dory က Clown ငါးတွေနှင့်အတူ အေးအေးဆေးဆေးနေထိုင်နေပါတယ်။သတိမေ့တတ်တဲ့ Doryက Nemo နဲ့အတူတူ သင်ခန်းစာလေ့လာရေးခရီးထွက်ရင်း
ငါးတွေရာသီအလိုက်ရွှေ့ပြောင်းနေထိုင်ပြီး အိမ်ပြန်ကြပုံကိုတွေ့မိတဲ့နောက်မှာတော့ အိမ်ကိုလွမ်းကာ သူမလာခဲ့တဲ့နေရာကို
ပြန်ရှာဖို့ကြိုးစားတာဖြစ်ပါတယ်။

“ဇာတ်လမ်းရဲ့ အများစုပိုင်းကတော့ Doryမွေးဖွားပြီးတော့ ကြီးပြင်းခဲ့တဲ့ ကြီးမားပြီးရှုပ်ထွေးလှတဲ့ ပင်လယ်ရေသတ္တဝါများ မွေးမြူရေးနှင့်
စောင့်ရှောက်ရေးတွေကို လေ့လာတဲ့ ‘California Marine Biology Institute’မှာဖြစ်ပွားတာပါ။ ရေဘဝဲ၊ ပင်လယ်ဖျံအကြီးစား၊ ဝေလငါးအဖြူရောင် စတဲ့ ဇာတ်ကောင်အသစ်တွေကိုလည်းမြင်ရမှာပါ။” လို့ Pixarရဲ့ ဥက္ကဋ္ဌ Jim Morrisက
ပြောပါတယ်။

Finding Doryထဲမှာ ပရိသတ်အချစ်တော်တွေဖြစ်တဲ့ Nemoနှင့် သူ့အဖေ Merlin ၊ ငါးကန်ထဲကအဖွဲ့တွေလည်း ပြန်ပါမှာ ဖြစ်ပါတယ်။ ဇာတ်ကောင်သစ်တွေထဲမှာတော့Doryရဲ့ဘဝအတွက်အရေးပါတဲ့ သူ့မိဘတွေအဖြစ် Diane Keatonနှင့် EugeneLevyတို့က အသံသရုပ်ဆောင် အဖြစ်ပါဝင်ထားပါတယ်။


Finding Dory ကို ဇွန်လ (၁၇)ရက်နေ့မှာ ရုံတင်မှာဖြစ်ပါတယ်။



( RII )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Coming Soon