Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ကိုရီးယားနှင့် တရုတ်ပူးပေါင်းထုတ်လုပ်တဲ့ ရုပ်ရှင်မှာ သရုပ်ဆောင်မည့် EXO အဖွဲ့ဝင် Sehun

ကိုရီးယားနှင့် တရုတ်ပူးပေါင်းထုတ်လုပ်တဲ့ ရုပ်ရှင်မှာ သရုပ်ဆောင်မည့် EXO အဖွဲ့ဝင် Sehun

| No comment


EXO အဖွဲ့ဝင် Sehun က “Cats Man (Myo Sung In)” လို့အမည်ရတဲ့ ကိုရီးယားနှင့် တရုတ်ပူးပေါင်းထုတ်လုပ်မည့် ရုပ်ရှင်မှာ သရုပ်ဆောင်ဖို့
ရွေးချယ်ခံရကြောင်း SM Entertainment ရဲ့ ကိုယ်စာလှယ်တစ်ဦးက မတ်လ ၁၄ ရက်က အတည်ပြုပြောကြားသွားပါတယ်။ ရုပ်ရှင်ရိုက်ကူးမှုကိုတော့ မတ်လလယ်လောက်မှာ စတင်မှာပါ။

EXO ရဲ့အဖွဲ့လိုက်လှုပ်ရှားမှု အချိန်ဇယားနှင့် ဖြစ်လာနိုင်တဲ့ ပဋိပက္ခတွေအကြောင်း မေးတဲ့အခါမှာတော့ ကိုယ်စာလှယ်က “အဲ့ဒီလိုဖြစ်လာရင်လည်း EXO ရဲ့အဖွဲ့လိုက်လှုပ်ရှားမှုနဲ့ ရုပ်ရှင်ရိုက်ကူးရေး နှစ်ခုလုံးကို ဘယ်ဟာကိုမှထိခိုက်မှုမရှိစေဘဲ ဆက်လုပ်သွားမှာပါ။” လို့ပြောကြားခဲ့ပါတယ်။

Sehun ပထမဆုံးသရုပ်ဆောင်ခဲ့တာကတော့ အဖွဲ့ဝင်တွေနှင့်အတူတူ “EXO NEXT DOOR” ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။
ဒီဇာတ်လမ်းမှာသရုပ်ဆောင်ဖို့ရွေးချယ်ခံရခြင်းက သူ့ကို တခြားအဖွဲ့ဝင်တွေလိုပဲ အဆိုတော်-သရုပ်ဆောင် ဖြစ်လာစေတာပါ။
 “Cats Man” ဇာတ်ကားမှာ နောက်ထပ်ပါဝင်မယ့် သရုပ်ဆောင်တွေကတော့ Liu De Kai
နှင့် Wu Qian တို့ဖြစ်ပါတယ်။

ဒါရိုက်တာ Park Hee Kon ကရိုက်ကူးမှာဖြစ်ပြီး နောက်နှစ်ရဲ့ ပထမနှစ်ဝက်ပိုင်းမှာ ထွက်ရှိနိုင်ဖို့ရည်ရွယ်ထားပါတယ်။

Sehun က Yang Geo လို့ခေါ်တဲ့ အဓိကဇာတ်ဆောင်အဖြစ်ပါဝင်ထားပါတယ်။

စိတ်ကူးယဉ်အချစ်ဇာတ်လမ်း ဖြစ်ပြီး ဒီဇာတ်ကားမှာ အတူတူနေထိုင်တဲ့ လူတစ်ပိုင်း ကြောင်တစ်ပိုင်း အမျိုးသားတစ်ယောက်နှင့် Apps တီထွင်တဲ့ အမျိုးသမီးတစ်ယောက်တို့ရှိပါတယ်။ အဓိကအမျိုးသမီးဇာတ်ဆောင်က ကြောင်အော်သံတွေကို ဘာသာပြန်နိုင်တဲ့ App တစ်မျိုးကိုတီထွင်ပါတယ်။

အဓိကအမျိုးသားဇာတ်ဆောင်ကတော့ ကြောင်မျိုးနွယ်ဝင် တိရစ္ဆာန်တွေကို အထူးပြုတဲ့ တိရစ္ဆာန်တွေရဲ့အပြုအမူကို လေ့လာသူဖြစ်ပြီး ကျိန်စာသင့်နေတာကြောင့် လူတစ်ပိုင်း ကြောင်တစ်ပိုင်းဖြစ်နေပါတယ်။ သူက အေးတိအေးစက်နှင့် ကြော့ကြော့မော့မော့ နေထိုင်တတ်တဲ့ပုံစံဖြစ်ပေမယ့် မမျှော်လင့်ပဲ စိတ်ဒဏ်ရာကို ကုသနိုင်တဲ့အရည်အချင်းရှိသူဖြစ်ပါတယ်။

ဒီဇာတ်ကားကို ကိုရီးယားနိုင်ငံရဲ့ Boston E&M နှင့် တရုတ်နိုင်ငံရဲ့ Croton Media တို့က ပူးပေါင်းထုတ်လုပ်မှာဖြစ်ပါတယ်။


( RII )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : SoomPi