Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , မလေးရှားနိုင်ငံက သွေးကင်ဆာဝေဒနာရှင် ပရိသတ်တစ်ယောက်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးခဲ့တဲ့ EXO အဖွဲ့

မလေးရှားနိုင်ငံက သွေးကင်ဆာဝေဒနာရှင် ပရိသတ်တစ်ယောက်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးခဲ့တဲ့ EXO အဖွဲ့

| No comment


EXO အဖွဲ့က သူတို့ရဲ့ စိတ်အားထက်သန်လှတဲ့ ပရိသတ်များစွာထဲကတစ်ယောက်နဲ့ တွေ့ဆုံပြီး သူမရဲ့ အိပ်မက်တွေ အကောင်အထည်ပေါ်လာအောင်လုပ်ပေးခဲ့ပါတယ်။

“မတ်လ ၁၂ ရက်နေ့မှာ ကျင်းပခဲ့တဲ့ EXO အဖွဲ့ရဲ့ဒုတိယအကြိမ်မြောက် ဖျော်ဖြေပွဲဖြစ်တဲ့ ‘EXO PLANET #2 – The EXO’luXion – in Kuala Lumpur’ မှာ EXO အဖွဲ့က Lee Qiao Siew လို့ခေါ်တဲ့ မလေးရှားနိုင်ငံသူလေးနှင့်
တွေ့ဆုံခဲ့ပါတယ်။” လို့ ကိုရီးယားနိုင်ငံရဲ့ Make-A-Wish Foundation က မတ်လ ၁၅ရက်နေ့မှာဖော်ပြခဲ့ပါတယ်။

Make-A-Wish Foundation ရဲ့ဖော်ပြချက်အရ Lee Qiao Siew ဟာ သွေးကင်ဆာရောဂါ ခံစားနေရပြီး ခက်ခဲတဲ့ ဓာတ်ကုထုံးတွေကို ကျော်ဖြတ်နေရတာပါ။ ခက်ခဲတဲ့ ကုသမှုတွေပြုလုပ်နေချိန်မှာ EXO အဖွဲ့ရဲ့ သီချင်းတွေကို နားထောင်ခြင်းက သူမကို ခွန်အားတွေပေးပြီး နာကျင်မှုတွေကို မေ့ပျောက်စေနိုင်ခဲ့ပါတယ်။ EXO အဖွဲ့ကို လူကိုယ်တိုင်တွေ့ချင်တာကြောင့် သူမအကြောင်းကို Make-A-Wish
Foundation ကိုပေးပို့ခဲ့တာပါ။

Lee Qiao Siew ရဲ့ဆန္ဒကို Make-A-Wish Foundation ရဲ့ ကိုရီးယားနိုင်ငံမှာရှိတဲ့ ဌာနခွဲကိုပေးပို့ခဲ့ပြီး တွေ့ဆုံဖို့ကိုတော့ SM Entertainment က တဆင့် ဖြည့်ဆည်းပေးခဲ့တာပါ။

မတ်လ ၁၂ ရက်နေ့မှာ ကျင်းပတဲ့ ဖျော်ဖြေပွဲမှာ Lee Qiao Siew က SM Entertainment အကူအညီနှင့် EXO အဖွဲ့ရဲ့ နားနေခန်းထဲကို
ဝင်ရောက်ခွင့်ရပြီး စကားပြောခြင်း ဓာတ်ပုံရိုက်ခြင်းတွေ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

Lee Qiao Siew က “EXO အဖွဲ့နှင့် တွေ့ခွင်ရတာ အိပ်မက်မက်နေသလို ခံစားရပါတယ်။ အိပ်မက်တွေ အကောင်အထည်ပေါ်လာအောင် လုပ်ပေးတဲ့ Make-A-Wish Foundation နှင့် SM Entertainment ကိုကျေးဇူးတင်ပါတယ်။” ပြောဆိုခဲ့ပါတယ်။

SM Entertainment ရဲ့ လူမှုဆက်ဆံရေးတာဝန်ရှိအဖွဲ့က “အချိန်ခဏလေးပဲ တွေ့လိုက်ရပေမယ့် Lee Qiao Siew အတွက် ခွန်အားတွေ၊
မျှော်လင့်ချက်တွေအများကြီးပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။” လို့ ပြောကြားသွားပါတယ်။


( RII )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : soompi