Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , “Fantastic Four” နဲ့ “ Fifty Shades of Grey “ ဇာတ်ကားတွေ Razzie ရုပ်ရှင်ဆုပေးပွဲအတွက် ရွေးချယ်ခံနေရ

“Fantastic Four” နဲ့ “ Fifty Shades of Grey “ ဇာတ်ကားတွေ Razzie ရုပ်ရှင်ဆုပေးပွဲအတွက် ရွေးချယ်ခံနေရ

| No comment




စူပါဟီးရိုးရုပ်ရှင်ဖြစ်တဲ့ Fantastic Four နဲ့ အချစ်ဒရာမာရုပ်ရှင် Fifty Shades of Grey တို့ဟာ စနေနေ့ညနေ အော်စကာဆုပေးပွဲမတိုင်မီမှာ အဆိုးဆုံးရုပ်ရှင်ဆုပေးပွဲဖြစ်တဲ့ Razzie ဆုပေးပွဲမှာ တစ်ပြေးနေပါသတဲ့။

ဒီရုပ်ရှင်တွေဟာ အဆိုးဆုံး ရုပ်ပြဆုအတွက် ထိပ်ဆုံးမှာ ရှိနေတာဖြစ်ပါတယ်။

Fantastic Four ရုပ်ရှင်ကတော့ အဆိုးဆုံး ပြန်လည်ဆန်းသစ်မှုဆု၊ အဆိုးဆုံး ရုပ်ရှင်ဒါရိုက်ဆုအဖြစ် Josh Trank က ဆန်ခါတင်ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

အဆိုးဆုံး အမျိုးသားသရုပ်ဆောင်နဲ့ အမျိုးသမီးသရုပ်ဆောင်အဖြစ် Fifty Shades of Grey ရုပ်ရှင်မှ Jamie Dornan နဲ့ Dakota Johnson တို့က ဦးဆောင်နေပြီး အဆိုးဆုံး ရုပ်သံမျက်နှာပြင်အဖြစ်လည်း ရွေးချယ်ခံထားရပါသတဲ့။

Jupiter Ascending ရုပ်ရှင်မှ Eddie Redmayne ကတော့ အဆိုးဆုံး အမျိုးသား ဇာတ်ပို့သရုပ်ဆောင်အဖြစ် ရွေးချယ်ခံထားရပြီး အဆိုးဆုံး အမျိုးသမီး ဇာတ်ပို့သရုပ်ဆောင်ကတော့ Alvin & The Chipmunks: The Road Chip နဲ့ The Wedding Ringer တို့မှာ သရုပ်ဆောင်ခဲ့တဲ့ Kaley Cuoco တို့ဖြစ်ပါတယ်။


( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : UPI