Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , အမေရိကန် ၊ စင်္ကာပူ၊ ထိုင်းနိုင်ငံတို့မှာ ကမ္ဘာလှည့်ဖျော်ဖြေပွဲလုပ်မယ့် GOT7

အမေရိကန် ၊ စင်္ကာပူ၊ ထိုင်းနိုင်ငံတို့မှာ ကမ္ဘာလှည့်ဖျော်ဖြေပွဲလုပ်မယ့် GOT7

| No comment


GOT7 အဖွဲ့ကတော့ ကမ္ဘာလှည့်ဖျော်ဖြေပွဲမလုပ်ခင် ‘Fly in Seoul’ ဖျော်ဖြေပွဲကို ဧပြီ (၂၉-၃၀) ရက်တွေမှာ ကိုရီးယားမှာ ပထမဆုံးကျင်းပမှာပါ။

ဖျော်ဖြေပွဲမကျင်းပခင် mini album ‘Filght Log: Departure’ ကိုတော့ မတ်လ (၂၁) ရက်နေ့မှာ ထွက်ရှိဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။  Album ထွက်ရှိတာနဲ့ ဖျော်ဖြေပွဲကျင်းပပြီးနောက်မှာတော့ GOT7 က ဂျပန်၊ ထိုင်း၊ ၊ စင်္ကာပူ၊ တရုတ်၊ အမေရိကန်နိုင်ငံတွေ အပါအဝင် နေရာအနှံ့အပြားမှာ ကမ္ဘာလှည့်ဖျော်ဖြေပွဲတွေကို ကျင်းပသွားမှာဖြစ်ပါတယ်။

GOT7 ကို နိုင်ငံရပ်ခြားတွေမှာ လူကြိုက်များတယ်ဆိုတာကို အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ၊ ထိုင်းနိုင်ငံနှင့် တခြားနိုင်ငံတွေရဲ့ Itunes’ Main
Album Chart မှာ နံပတ် ၁ ချိတ်ခဲ့တဲ့ သူတို့ရဲ့ mini album ‘MAD’ ကသက်သေပြနေပါတယ်။ အဲဒီ Album ဟာ Billboards’ Album Chart
ရဲ့ထိပ်ဆုံးကိုလည်းရောက်ရှိခဲ့ပါတယ်။

ဒီကမ္ဘာလှည့်ဖျော်ဖြေပွဲဟာ ကမ္ဘာတစ်လွှားမှာ ရှိတဲ့ GOT7 ပရိသတ်တွေအတွက်ဖျော်ဖြေမှုတွေကို ကိုယ်တိုင်ကိုယ်ကျ ခံစားခွင့်ရရှိစေမှာဖြစ်ပါတယ်။

( RII )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : allKpop