4minute အဖွဲ့ဝင် Jihyun က သူမရဲ့ မိတ်ကပ်မပါတဲ့ သဘာဝအလှကို ဓာတ်ပုံရိုက်ကွင်းမှာ ထုတ်ဖော်ပြသခဲ့ပါတယ်။ ‘Grazia’ က ကင်မရာရှေ့မှာတင် မိတ်ကပ်ဖျက်လိုက်တဲ့ Jihyun ရဲ့ သစ်လွင်တဲ့ပုံစံကို ရိုက်ကူးခဲ့ပါတယ်။
သူမကိုယ်တိုင်အတွက်လည်း အတွေ့အကြုံအသစ်ဖြစ်နေတဲ့ Jihyun က “ဒီလိုပုံစံမျိုး ဓာတ်ပုံရိုက်ဖူးတာ ဒီတစ်ခါပထမဆုံးအကြိမ်ပါ။
ဒီအတိုင်းရိုက်လို့ တကယ်ပဲအဆင်ပြေပါ့မလား။” ဆိုပြီး စိတ်ပူနေခဲ့ပါတယ်။
Jihyun က ကင်မရာရှေ့မှာ ပထမတော့ စိတ်ပူနေခဲ့ပြီး ရိုက်ကူးရေးပြီးတဲ့နောက်ပိုင်းမှာတော့ တမူထူးခြားတဲ့ အတွေ့အကြုံတွေနှင့် စိတ်ကျေနပ်မှုလည်းရရှိခဲ့ပါတယ်။
Jihyun က အလှအပရေးရာအစီအစဉ်ရဲ့ MC တစ်ယောက်အနေနဲ့ အလှအပကိုအထုးစိတ်ဝင်စားမှုပြသခဲ့ပါတယ်။
သူမသဘောကျတဲ့ နေ့စဉ်သုံးအလှကုန်ပစ္စည်းတွေအကြောင်းကို “ ကျွန်မက မိန်းကလေးဆန်တဲ့ပုံစံလေးတွေနဲ့လိုက်ဖက်တယ်။ ဖက်ရှင်တင်မကဘူး။ ရေမွှေးလည်းအတူတူပဲ။ အခုတစ်လော အရင်ကကြိုက်ခဲ့တဲ့ JLo ရဲ့ Glow ရေမွှေးကိုပြန်ကြိုက်နေတယ်။ အသက် (၂၀) တုန်းက အရင်သုံးဖူးတာပါ။ အများကြီးထဲက တစ်ခုပဲရွေးရမယ်ဆိုရင်တော့ Channels’ No.5 ကိုပဲ ရွေးမှာပါ။ ကျွန်မက အခုထိတော့ ဒီရေမွှေးရဲ့အနံ့နဲ့ မလိုက်ဖက်သေးဘူးထင်ပါတယ်။ နည်းနည်းပိုပြီး ရင့်ကျက်လာတဲ့ အချိန်ထိ သိမ်းထားရဦးမှာပေါ့” လို့ပြောပါတယ်။
Jihyun ရဲ့ သဘာဝအလှနှင့် အလှအပရေးရာ လျို့ဝှက်ချက်တွေကို မတ်လထုတ် Grazia မဂ္ဂဇင်းမှာ အပြည့်အစုံဖော်ပြပေးမှာဖြစ်ပါတယ်။
( RII )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : allKpop