Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Han Solo အကြောင်းရိုက်ကူးထားသော ရုပ်ရှင်တွင် Chewbacca ပါဝင်မည်

Han Solo အကြောင်းရိုက်ကူးထားသော ရုပ်ရှင်တွင် Chewbacca ပါဝင်မည်

| No comment

Phil Lord နှင့် Chris Miller တို့ရိုက်ကူးမည့် Star Wars Story တွင် Han Solo နှင့်အတူ Chewbacca လည်းပါဝင်မည်ဖြစ်သည်။ Han Solo အကြောင်းကိုရိုက်ကူးမည့် အမည်မပေးရသေးသော Star Wars Story ဇာတ်လမ်းကို The Lego Movie ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Phil Lord နှင့် Chris Miller တို့ရိုက်ကူးမည်ဟု မနှစ်က Lucasfilm က တရားဝင်ကြေညာခဲ့ပါတယ်။

ဒီနေ့မှာတော့ အားလုံးရဲ့အချစ်တော် Wookiee လည်း ဇာတ်လမ်းထဲမှာ ပါဝင်မယ်လို့ သတင်းထပ်ထွက်လာပါတယ်။ Disney CEO Bob Iger က Chewbacca ပါဝင်မယ့်အကြောင်းကို Deutsche Bank’s 24th Annual Media,Internet and Telecom Conference မှာ ၂၀၁၈ မှာထွက်ရှိလာမည့် ဇာတ်ကားကို Han Solo နှင့် Chewie တို့ရဲ့ မူလဇာတ်လမ်းဖြစ်ကြောင်း ပြောကြားသွားပါတယ်။

အတည်မပြုရသေးပေမယ့် The Force Awakens မှာ Chewbacca အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Joonas Suotamo က ပြန်လည်ပါဝင်မယ်လို့ယူဆရပါတယ်။ Han အဖြစ်သရုပ်ဆောင်မည့်သူကိုတော့ မရွေးချယ်ရသေးပါဘူး။ အကြမ်းဖျင်းရွေးချယ်ထားတယ်လို့ သတင်းထွက်နေတဲ့သူတွေကတော့ Emory Cohen (Brooklyn)၊ Scott Eastwood (The longest Ride)၊ Ansel Elgort (The
Faults in Our Stars)၊ Dave Franco (21 Jump Street)၊ Blake Jenner (Everybody Wants Some)၊ Logan Lerman (Fury)၊ Jack Reynor (Tranformers: Age of Extinction) နှင့် Milles Teller (Whiplas) တို့ပါဝင်ပါတယ်။

ဒီဇာတ်ကားအတွက် ဇာတ်ညွှန်းကို Lawrence Kasdan နှင့် Jon Kasdan တို့ကရေးသားထားပြီး Luke Skywalker နှင့် Obi-Wan Kenobi တို့ Mos Eisley မှာရှိတဲ့ စားသောက်ဆိုင်မှာ ပထမဆုံးတွေ့ခဲ့တဲ့ လူငယ်လေး Han Solo က မှောင်ခိုကုန်သည်၊ သူခိုး၊ လူပေလူညစ် ဘယ်လိုဖြစ်လာသလဲဆိုတာတွေ့ရမှာပါ။

မေလ ၂၅ ရက်၊ ၂၀၁၈ မှာထွက်ရှိမည့် Han Solo အကြောင်းရုပ်ရှင် ကို Lawrence Kasdan နှင့် Jason McGatlin တို့က Will Allegra
နှင့်တွဲဖက်ထုတ်လုပ်မှာပါ။ ဒီကြားထဲမှာ Rouge One: A Star Wars Story
ကတော့ ဒီဇင်ဘာ ၁၆ ရက် ၂၀၁၆ မှာ ရုံတင်မှာပါ။



( RII )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Comingsoon