Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Hip-Hop အဆိုတော် 2Chainz နဲ့ Lil Wayne တို့ရဲ့ ColleGrove အယ်လ်ဘမ်သစ်ထွက်ရှိ

Hip-Hop အဆိုတော် 2Chainz နဲ့ Lil Wayne တို့ရဲ့ ColleGrove အယ်လ်ဘမ်သစ်ထွက်ရှိ

| 1 Comment


 CollleGove အယ်လ်ဘမ်ဟာဆိုရင်တော့ ကြယ်ပွင့်နှစ်ယောက်ဖြစ်တဲ့ Lil’ Wayne နဲ့2Chainzတို့ပေါင်းစပ်ပြီး ကိုယ်တိုင်နာမည်ပေးထားတဲ့ ပွဲဦးထွက်အယ်လ်ဘမ်ဖြစ်တယ်လို့ Def Jam Recording က ကြေညာခဲ့ပါတယ်။

ရုပ်သံလိုင်းတွေနဲ့ ပါတနာတွေအတွက်ပါရောင်းချပေးမှာဖြစ်ပြီး မတ်လ ၂၅ရက်နေ့မှာ ၀ယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

Atlantaရဲ့အရောင်းရဆုံးနဲ့ ဂရမ်မီဇကာတင်ဖြစ်တဲ့  2Chainzနဲ့ New Orleanရဲ့ အရောင်းရဆုံး နဲ့ ဂရမ်မီဆုလေးကြိမ်ရရှိထားတဲ့ Lil’Wayneတို့ ဆိုရှယ်မီဒီယာတွေမှာ ColleGroveနဲ့ပတ်သက်ပြီး ပရိသတ်တွေကို စခဲ့တယ်လို့ the Pair’s Record Lebelက ဖော်ပြခဲ့ပါတယ်။

2Chainzရဲ့ ဇန်န၀ါရီလက ထုတ်ဝေခဲ့တဲ့ Felt like Cappin မှာ Lil’Wayne က featuring ဆိုပေးခဲ့တဲ့ “Back on the Bullshyt” ပါဝင်ခဲ့ပြီး NBCရဲ့ The Tonight Showမှာ ColleGove ကို မိတ်ဆက်တဲ့အခါ  “Rolls Royce Weather Everyday”သီချင်းကို Jimmy Fallonနဲ့ပွဲဦးထွက်ဖျော်ဖြေပေးခဲ့ပါတယ်။

“Bounce”ဆိုတဲ့ ဒီအယ်လ်ဘမ်မှာ ပါဝင်တဲ့သီချင်းကိုတော့ သောကြာနေ့က MTVမှာ မိတ်ဆက်ထုတ်လွှင့်ပေးခဲ့ပါတယ်။

(Beauty Syh)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror