Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Indiana Jones ဇာတ်ကားသစ်အတွက် ပြန်လည်ဆုံဆည်းမည့် စတီဗင်စပီးဘာ့ဂ်နဲ့ ဟာရီဆင်ဖို့ဒ်

Indiana Jones ဇာတ်ကားသစ်အတွက် ပြန်လည်ဆုံဆည်းမည့် စတီဗင်စပီးဘာ့ဂ်နဲ့ ဟာရီဆင်ဖို့ဒ်

| No comment


နာမည်ကျော်ဒါရိုက်တာ Steven Spielberg (စတီဗင်စပီးဘာ့ဂ်) နဲ့ မင်းသားကြီး Harrison Ford (ဟာရီဆင်ဖို့ဒ်)တို့ဟာ ဇူလိုင်လ ၁၉ ရက်၊ ၂၀၁၉ ခုနှစ်မှာ ရုံတင်မည့် Indiana Jones ဇာတ်ကားသစ်အတွက် အတူလက်တွဲလုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီဇာတ်ကားနှင့်ပတ်သက်ပြီး အများကြီးမသိရသေးပေမယ့်၊ Harrison Ford က သူ့ဇာတ်ကောင်အတိုင်း ဆက်လက်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ဒီဇာတ်ကားကို အရင်ကထုတ်လုပ်သူတွေဖြစ်တဲ့ Kathleen Kennedy နှင့် Frank Marshall ကထုတ်လုပ်မှာဖြစ်ပါတယ်။

“Indiana Jones ဆိုတာ ရုပ်ရှင်သမိုင်းကြောင်းတစ်လျှောက်မှာ အတော်ဆုံးလူစွမ်းကောင်းတွေထဲက တစ်ယောက်ပါ။ ကျွန်တော်တို့ သူ့ကို ၂၀၁၉ ခုနှစ်မှာ ပိတ်ကားပေါ်ကို ပြန်လည်ခေါ်ဆောင်လာဖို့ကို မစောင့်နိုင်တော့ပါဘူး။” လို့ Walt Disney Studios ဥက္ကဋ္ဌ Alam Horn
ကပြောကြားသွားပါတယ်။

 “ဒီလိုအပြည့်အဝလိုက်ဖက်တဲ့ ဒါရိုက်တာ၊ ထုတ်လုပ်သူတွေ၊ သရုပ်ဆောင်နှင့် ဇာတ်ကောင်မျိုးဆိုတာ ရှားပါတယ်။ Harrison နှင့် Steven တို့နဲ့အတူ စွန့်စားခန်းထွက်ဖို့ အရမ်းကို စိတ်လှုပ်ရှားမိပါတယ်။” လို့ Disney Studios ဥက္ကဋ္ဌ Alam Horn
က ထပ်လောင်းပြောပြသွားခဲ့ပါတယ်။

( RII )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Disney