Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , , Jessica Biel က Justin Timberlake နဲ့ ဘယ်လိုချိန်းတွေ့ကြတယ်ဆိုတာကို ဖွင့်ဟပြောကြား

Jessica Biel က Justin Timberlake နဲ့ ဘယ်လိုချိန်းတွေ့ကြတယ်ဆိုတာကို ဖွင့်ဟပြောကြား

| No comment


Jessica Biel နဲ့ ခင်ပွန်းဖြစ်သူ Justin Timberlake တို့ဟာ သူတို့ရဲ့ ရိုးရှင်းပြီး ပျော်စရာကောင်းတဲ့ ချိန်းဆိုတွေ့ဆုံမှုတွေ ပြုလုပ်နေတုန်းပါပဲတဲ့။

အသက် ၃၄ နှစ်အရွယ် မင်းသမီးဟာ ၃၅ နှစ်အရွယ် အဆိုတော် ခင်ပွန်းဖြစ်သူနဲ့ ဘယ်လိုချိန်းတွေ့လေ့ရှိကြောင်းကို ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ Entertainment Tonight အင်တာဗျူးအစီအစဉ်မှာ ထုတ်ဖော်ပြောပြသွားပါတယ်။

 “ ကျွန်မတို့ ဟိုးရှေးဟောင်း ဒိတ်တင်းတွေလိုပါပဲ ညနေစာစားတယ်၊ ရုပ်ရှင်ကြည့်ကြတယ်လေ။ တကယ့်ကို စိတ်လုပ်ရှားစရာကောင်းတဲ့ အချိန်တွေပါပဲ “ လို့ သူကဆိုပါတယ်။

Biel နဲ့ Timberlake တို့ဟာ ၂၀၁၂ ခုနှစ်က လက်ထပ်ခဲ့ကြတာဖြစ်ပြီး ဧပြီလတုန်းက သားဦးလေး Silas Randall ကို မွေးဖွားခဲ့ကြတာဖြစ်ပါတယ်။ ချစ်ခင်ကြင်နာမှုအတွက် သီးသန့်အချိန်လေး ဖန်တီးကြတဲ့အကြောင်းကိုတော့ Extra နဲ့ အင်တာဗျူးအစီအစဉ်မှာ အင်္ဂါနေ့က ပြောပြသွားတာဖြစ်ပါတယ်။

“ ဘာတွေပဲဖြစ်ဖြဖစ် ဒီလိုတွေ့ဆုံကြဖို့ကို ပထမဦးစားပေးအနေနဲ့ စီစဉ်ထားဖို့လိုပါတယ်။ ကလေးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေပေါ့.. နှစ်ယောက်သား အချိန်ပေးပြီး တွေ့နိုင်ဖို့တော့ ဆက်ကြိုးစားဖို့ လိုပါတယ်” လို့ သူက ရှင်းလင်းပြောပြထားပါသေးတယ်။
Biel နဲ့ Timberlake တို့က ဒီတစ်ပါတ်ထဲမှာပဲ Vanity Fair Oscar ပါတီကို တူတူတက်ရောက်ခဲ့ကြပါသတဲ့။

( Michelle )


#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : UPI