Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Justin Bieber ရဲ့ “Purpose” ကမ္ဘာလှည့်ဖျော်ဖြေပွဲ စတင်

Justin Bieber ရဲ့ “Purpose” ကမ္ဘာလှည့်ဖျော်ဖြေပွဲ စတင်

| No comment

Justin Bieber က “Purpose” ကမ္ဘာလှည့်ဖျော်ဖြေပွဲ ပထမဆုံးပွဲကို မတ်လ ၉ရက်နေ့က Seattle မြို့မှာ စတင်လိုက်ပါတယ်။

ပွဲကျင်းပတဲ့ အားကစားကွင်းပြင်ကျယ်ကြီးကတော့ “Purpose” အရိပ်အယောင်တွေလွှမ်းမိုးနေပါတယ်။ သီဆိုခဲ့တဲ့ သီချင်းတွေကတော့ လတ်တလော အောင်မြင်နေတဲ့ “Sorry” ၊ “What Do You Mean?” နှင့် “Love Yourself" တို့အပြင် “Purpose”ခွေထဲမှာ ပါဝင်တဲ့ “Been You” ၊ “The Feeling” တို့လည်းပါဝင်ပါတယ်။

အချိန်ကြာကြီးအားပေးခဲ့တဲ့ Beliebers တွေအတွက်လည်း သီချင်းဟောင်းတွေဖြစ်တဲ့  “Boyfriend” နှင့် “Baby” သီချင်းတို့ကိုလည်း
သီဆိုပေးခဲ့ပါတယ်။


ဖျော်ဖြေပွဲတရားဝင်မစတင်ခင်မှာ Justin က လေပေါ်မြောက်တက်နေတဲ့ ဖန်သေတ္တာထဲကနေ စင်နားတစ်ဝိုက်မှာ ပျံဝဲနေပြီး၊ နံရံပေါ်မှာ
ရေးသားရင်းနှင့် သဲသဲမဲမဲ ကျယ်လောင်စွာအော်ဟစ် အားပေးနေတဲ့ ပရိသတ်တွေအတွက် “Mark My Words” သီချင်းနှင့်စတင် ဖျော်ဖြေခဲ့ပါတယ်။

ဖျော်ဖြေပွဲကို တမူထူးခြားတဲ့နည်းလမ်းနှင့် စတင်ခဲ့တယ်ဆိုတာကတော့ သံသယမရှိစရာပါပဲ။


( RII )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : popsugar