Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , L.A ဖျော်ဖြေပွဲအပြီး ကာညေးဝက်စ်၊ကင်မ်ကာဒါရှီရန် တို့နဲ့ ပါတီပွဲဆင်နွှဲခဲ့တဲ့ ဂျက်စတင်ဘီဘာ

L.A ဖျော်ဖြေပွဲအပြီး ကာညေးဝက်စ်၊ကင်မ်ကာဒါရှီရန် တို့နဲ့ ပါတီပွဲဆင်နွှဲခဲ့တဲ့ ဂျက်စတင်ဘီဘာ

| No comment


Justin Bieber (ဂျက်စတင်ဘီဘာ)ကတော့ LA (လော့စ်အိန်ဂျလိစ်)ရဲ့ Staples Center မှာ မတ်လ၂၃ရက် ဗုဒဟူးနေ့ညက ကျင်းပခဲ့တဲ့ Purpose Tour အပြီးမှာ နာမည်ကျော်တွေ ဖြစ်တဲ့ Kanye West (ကာညေးဝက်စ်)၊ Kim Kardashian (ကင်မ်ကာဒါရှီရန်) ၊ Kourtney Kardashian (ကော့တ်နေးကာဒါရှီရန်)နဲ့ ဂျက်စတင်ဘီဘာတို့အုပ်စုဟာ Warwick နိုက်ကလပ်မှာ ပါတီပွဲပြုလုပ်ခဲ့ပါတယ်။

ဂျက်စတင်က ကလပ်ထဲမှာ ကန်ယေးဝက်စ်၊ကင်မ်တို့နဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံကို Instagramမှာ တင်ခဲ့ပါတယ်။
Hit သီချင်းတစ်ပုဒ်ဖြစ်တဲ့ “ Sorry” သီချင်းပိုင်ရှင် ဘီဘာက အနက်ရောင်ဦးထုပ်၊အဖြူရောင်တီရှပ်နဲ့ ဂျင်းဘောင်းဘီကို ၀တ်ဆင်ထားခဲ့ပါတယ်။

ကန်ယေးဝက်စ်ကတော့ အဖြူရောင်ဝတ်စုံကို အနက်ရောင်ဘောင်းဘီနဲ့ဝတ်ဆင်ထားပြီး ကင်မ်ကတော့ အနက်ရောင်ဝတ်စုံကို ၀တ်ဆင်ထားခဲ့ပါတယ်။ ကော့နေးကတော့ သူမရဲ့အစ်မနောက်မှာ ပါလာခဲ့ပြီးအနက်ရောင်ခါးတိုအကျီင်္နဲ့ ခါးမြင့်ဘောင်းဘီကို ၀တ်ဆင်ထားပါတယ်။

X17က တက်လာတဲ့ဗီဒီယိုတစ်ခုထဲမှာတော့ကင်မ်ရဲ့နောက်မှာ ကာညေးနဲ့ကော့တ်နေးတို့ကို တွေ့ရမှာဖြစ်ပြီး ဘီဘာကတော့ သီးသန့်ထွက်ခွာသွားခဲ့တာပါ။

မျက်မြင်သက်သေတွေကတော့ နာမည်ကျော် အုပ်စုဟာ Warwick ကို  ညလယ်ပိုင်းလောက်မှာရောက်လာခဲ့တာဖြစ်ပြီး DJ Booth ရဲ့အနီးကပ် VIP ၀ိုင်းမှာထိုင်ခဲ့တယ်လို့ ဆိုပါတယ်။ နာမည်ကျော်တွေဟာ ရီဟားနားရဲ့ အသစ်ထွက်ရှိထားတဲ့ “Work” ကိုသီဆိုခဲ့ပြီး ဘီဘာကတော့ သူရဲ့သီချင်း  “ Sorry”ကို ဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မျက်မြင်တွေက “ဘီဘာက သောက်ထားပြီး အရမ်းကောင်းနေပုံပါပဲ သူ့ကိုကြည့်ရတာ ဘာကိုမှဂရုမစိုက်တဲ့ပုံပေါ်နေတယ်”လို့ဆိုပါတယ်။

ဆက်လက်ပြီး သက်သေတွေက ဂျက်စတင်ဘီဘာက ကင်မ်တို့ထွက်သွားတဲ့အချိန် ၂နာရီ ကထက် နာရီဝက်စောပြီး ပြန်သွားခဲ့တယ်လို့ ဆိုပါတယ်။

(Beauty Syh)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com


Ref : Aceshowbiz