Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , မျက်နှာပေါ်က တက်တူးအသစ်ကို ပြသခဲ့တဲ့ One D အဖွဲ့ဝင်ဟောင်း ဇေန်မာလစ်ခ်

မျက်နှာပေါ်က တက်တူးအသစ်ကို ပြသခဲ့တဲ့ One D အဖွဲ့ဝင်ဟောင်း ဇေန်မာလစ်ခ်

| No comment

One Directionရဲ့ အဖွဲ့သားဟောင်း Zayn Malik (ဇေန်မာလစ်)က မြင်နိုင်လွယ်တဲ့သူရဲ့ တက်တူးအသစ်ကို ပြသခဲ့ပါတယ် အဲဒါကတော့ သူ့ရဲ့ မျက်နှာပေါ်မှာပဲ ဖြစ်ပါတယ်။

အဆိုတော် ဇန်က သူရဲ့ တက်တူးအသစ်ကို ပြီးခဲ့တဲ့သောကြာနေ့က အင်စတာဂရမ်မှာ ပြသခဲ့တာဖြစ်ပြီး
တက်တူးအသစ်က စာလုံးတို MOMနဲ့ ပျံနေတဲ့ဖီးနစ်ငှက်ပုံကို ရေးဆွဲထားတာဖြစ်ပါတယ်။

တက်တူးအသစ်က သူရဲ့ အမေကို ရည်ညွှန်းတာဖြစ်နိင်သလို သူရဲ့ အမာခံပရိသတ်တွေက မတ်လ ၂၅ရက်မှာထွက်မယ့် သူရဲ့ အယ်လ်ဘမ် Mind of Mineကို ရည်ရွယ်တာလည်းဖြစ်နိုင်တယ်လို့ဆိုပါတယ်။

ဇန်မာလစ်ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ဇန့်မှာ တက်တူးအသစ်နဲ့ပတ်သက်ပြီး ဘာမှမှတ်ချက်ပေးစရာမရှိပါဘူးလို့ ABC News ကို ပြောကြားခဲ့ပါတယ်။

အဆိုပါတက်တူးအသစ်ပုံကို တင်ပြီးစနေနေ့ညနေမှာပဲ အင်စတာဂရမ်မှာ ကွန်မန့်ပေါင်း ၈၇၀၀၀ကျော် တက်ခဲ့ပါတယ်။
ဇန်ရဲ့ အယ်လ်ဘမ်သစ် Mind of Mineက ယခုလ ၂၅ရက်မှာထွက်ရှိမှာ ဖြစ်ပါတယ်။

(Beauty Syh)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : UPI