Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ရုပ်ရှင်ရိုက်တော့မယ့် One Direction အဖွဲ့ဝင် Harry Styles

ရုပ်ရှင်ရိုက်တော့မယ့် One Direction အဖွဲ့ဝင် Harry Styles

| No comment

Harry Styles (ဟာရီစတိုင်လ်) ကတော့ အဆိုတော်လိုင်းကနေကူးပြီး  ရုပ်ရှင်မင်းသား လုပ်ပါတော့မယ်။ Harry က ဒါရိုက်တာ Christopher Nolan ရိုက်ကူးမည့် Dunkirk လို့အမည်ပေးထားတဲ့ ရုပ်ရှင်မှာ Tom Hardy၊ Sir Kenneth Branagh နှင့် Marky Rylance တို့နှင့်အတူသရုပ်ဆောင်ဖို့ ကမ်းလှမ်းခံရတာပါ။
Deadline ရဲ့ပြောဆိုချက်အရ Harry က ရုပ်ရှင်ရိုက်ကူးသူတွေကိုဇာတ်လမ်းရဲ့တစ်စိတ်တစ်ပိုင်းကို ဖတ်ပြပြီး အထင်ကြီးစေခဲ့ပါတယ်။

၁၉၄၀ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဒုတိယကမ္ဘာစစ်မှာ မေလကနေ ဇွန်လအတွင်း Dunkirkဆိပ်ကမ်း ကနေ တိုက်ထုတ်ခံခဲ့ရတဲ့ မဟာမိတ်တပ်ဖွဲ့တွေအကြောင်း ရိုက်ကူးမှာပါ။

သတင်းအရင်းမြစ်တစ်ခုကလည်း The Sun သတင်းဌာနကို “Harry ကထိပ်ဆုံးကို တန်းရောက်သွားတာပါ။ Dunkirk က အကြီးအကျယ်ပေါက်မယ့် ဇာတ်လမ်းပါ။”
“သူ့ကို အနှစ်သာရရှိလှတဲ့ ဒီဇာတ်ရုပ်အတွက် လူရွေးပွဲဝင်ဖို့အတွက် ဖိတ်ကြားခံရတာဖြစ်ပြီး Christopher ကို အထင်ကြီးစေနိုင်ခဲ့ပါတယ်။ ဒါဟာ
သူ့အတွက်တော့ သရုပ်ဆောင်အရည်အချင်းကိုပြသခွင့်ရမယ့် အခွင့်ရေးကောင်းတစ်ခုဖြစ်ပြီး ပိုပြီးကြီးမားတဲ့ ဇာတ်ရုပ်တွေကို
သရုပ်ဆောင်ခွင့်ရလာမှာပါ။”

ကံကောင်းစွာနှင့်ပဲ Harry က သီချင်းတွေကို လက်ပြနှုတ်ဆက်သွားမှာတော့ မဟုတ်ကြောင်းကို “သီချင်းတွေလည်း ဆက်လုပ်သွားမှာ ဖြစ်ပြီး ရှေ့ဆက်ပြီး နှစ်ခုလုံးကို ဆက်လုပ်သွားမှာပါ။” လို့ဆက်လက်ပြောပြသွားပါတယ်။


( RII )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : MTV