Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , One Direction အဖွဲ့ဝင်တွေမှာ တစ်ကိုယ်တော်လှုပ်ရှားမှု အစီအစဉ်တွေ Simon Cowell အတည်ပြု

One Direction အဖွဲ့ဝင်တွေမှာ တစ်ကိုယ်တော်လှုပ်ရှားမှု အစီအစဉ်တွေ Simon Cowell အတည်ပြု

| No comment


Niall, Harry, Louis နှင့် Liam တို့အတွက် 1D နှင့်မသက်ဆိုင်တဲ့ တစ်ကိုယ်တော်လှုပ်ရှားမှု အစီအစဉ်တွေ ရှိတယ်လို့  Simon Cowell က အတည်ပြုပြောကြား လိုက်ပါတယ်။

“အစီအစဉ်တွေအများကြီး ရှိတယ်ဆိုတာ လုံးဝသေချာပါတယ်။” လို့ E!online သတင်းဌာနက တစ်ကိုယ်တော်လှုပ်ရှားမှုနှင့် ပတ်သတ်ပြီးမေးတဲ့အခါမှာ Simonက ဖြေပါတယ်။

အဖွဲ့သားတွေအားလုံး လူချွန်လူကောင်းလေးတွေဖြစ်တာကြောင့် အနားယူဖို့ထိုက်တန်ကြောင်းကို “အဲ့ဒီလိုပဲ ဖြစ်မှာပါပဲ။သူတို့အလုပ်လုပ်တဲ့နှုန်းနဲ့ဆိုရင် အနားယူဖို့လိုအပ်ပါတယ်။ နောက်လအနည်းငယ်အတွင်းမှာ အစီအစဉ်တွအများကြီး ကြေညာဖို့ရှိပါတယ်။ သူတို့က အလုပ်အတူတူလုပ်လို့ကောင်းတဲ့သူတွေပါ။ အလုပ်လည်းကြိုးစားတယ်၊ အရာအားလုံးကိုလည်း တန်ဖိုးထားတတ်တယ်၊ ဒါကြောင့်ဒါဟာအဆုံးသတ်မဟုတ်သေးပါဘူး။” လို့ Simon ကပြောကြားခဲ့ပါတယ်။


Zayn ရဲ့တစ်ကိုယ်တော်လှုပ်ရှားမှုနှင့် ပတ်သက်ပြီးတော့လည်း “သူလှုပ်ရှားနေတဲ့ Label က ကျွန်တော်တို့နဲ့လည်း သက်ဆိုင်ပါတယ်။ သူကကျွန်တော်တို့ကုမ္ပဏီနဲ့ စာချုပ်ရှိနေတုန်းပါ။ ဒါကြောင့် သူအကောင်းမွန်ဆုံး လုပ်နိုင်ခဲ့ပြီး အရည်အချင်းရှိတဲ့တေးသံရှင်ဖြစ်တယ် ဆိုတာကိုပြသနေပါတယ်။”  လို့ Simon ကပြောကြားခဲ့ပါတယ်။

( RII )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : MTV