Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ဇေန်မာလိခ်က One Direction အဖွဲ့သားများနှင့် ဆက်ဆံရေးမှာ ခပ်တန်းတန်းသာဖြစ်ကြောင်းပြောကြား

ဇေန်မာလိခ်က One Direction အဖွဲ့သားများနှင့် ဆက်ဆံရေးမှာ ခပ်တန်းတန်းသာဖြစ်ကြောင်းပြောကြား

| No comment

 Zayn Malik (ဇေန်မာလိခ်) က One Direction အဖွဲ့ထဲကနေ ထွက်ခွာသင့်ပြီဖြစ်ကြောင်း သိလိုက်ရတဲ့ အချိန်နဲ့ အဖွဲ့သားတွေနဲ့ လက်ရှိဆက်ဆံရေးအခြေအနေကို NME အင်တာဗျူးမှာပြောပြခဲ့ပါတယ်။

Malik ဟာ ယခုလက်ရှိမှာ အနားယူနေတဲ့ One Direction အဖွဲ့ထဲကနေ မတ်လ ၂၀၁၅ ခုနှစ်မှာ နုတ်ထွက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ တစ်ကိုယ်တော်လှုပ်ရှားမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ အဖွဲ့က ထွက်ပြီးနောက်ပိုင်း တခြားအဖွဲ့ဝင်တွေနှင့်
ဆက်ဆံရေးတင်းမာလျက်ရှိပြီး Liam Payne တစ်ယောက်နှင့်သာ အဆက်အသွယ်ရှိကြောင်းပြောပါတယ်။

၂၀၁၀ ခုနှစ်က The X Factor ပြိုင်ပွဲတွင် တစ်ကိုယ်တော်အဆိုတော်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှ ဝင်ရောက်ခဲ့သော အဖွဲ့ထဲက ထွက်ခွာခဲ့သောနေ့အကြောင်းကို Malik က “ကျွန်တော့် လုံခြုံရေးကိုခေါ်ပြီး ‘ကျွန်တော် အိမ်ပြန်ချင်တယ်။ လေယာဉ်တစ်စီး
စီစဉ်မှဖြစ်မယ်’  လို့ပြောခဲ့တယ်။ ကျွန်တော် ဘယ်လိုသိနေမှန်း မသိပေမယ့် အလိုလိုသိနေပါတယ်။ ကျွန်တော် မောင်နှမဝမ်းကွဲနဲ့ စကားပြောဖြစ်တယ်။ သီချင်းတွေနားထောင်ရင်း လေယာဉ်လာတာကို စောင့်နေမိတယ်။” လို့ NME ကို
ပြောပြခဲ့ပါတယ်။

ဒီအချိန်အတောအတွင်းမှာ ကျန်တဲ့အဖွဲ့ဝင်တွေဖြစ်တဲ့ Harry Styles၊ Louis Tomlinson၊ Niall Horan နှင့် Liam Payne တို့နှင့် ဆက်ဆံရေး
ခပ်တန်းတန်းသာဖြစ်နေပါတယ်။

“ကျွန်တော်ကတော့ Liam နဲ့အရင်းနှီးဆုံးဖြစ်မယ်ထင်တယ်။ ကျွန်တော်တို့ဖုန်းပြောဖြစ်ကြတယ်။ သူက ကျွန်တော့် သီချင်းအတွက် ဂုဏ်ပြုပေးတယ်။ ကျွန်တော်က သူ့ရခဲ့တဲ့ Brit Award အတွက် ဂုဏ်ပြုပေးတယ်။ (One Direction အဖွဲ့က 'Drag Me Down' သီချင်းအတွက် British Video Award ရရှိခဲ့ပါတယ်။) စကားပြောလို့အဆင်ပြေပါတယ်။ မတွေ့ရတာကြာပြီဖြစ်တဲ့အတွက်
တွေ့ချင်ပါသေးတယ်။” လို့ Zayn က ရှင်းပြခဲ့ပါတယ်။

အဖွဲ့ထဲကနေ မနုတ်ထွက်ခင်ကတည်းက အဖွဲ့သားများနှင့် မတွေ့ဖြစ်တာ ဖြစ်ကြောင်းကို “ကျွန်တော်က ဆက်သွယ်ဖို့ကြိုးစားပါသေးတယ်၊ ဒါပေမယ့် ဘယ်သူမှ ပြန်မဆက်သွယ်ကြပါဘူး။ ဒီလိုဆိုတော့လည်း ဘာပဲဖြစ်ဖြစ်ပေါ့။”လို့
Malik က ဝန်ခံခဲ့ပါတယ်။

One Direction အဖွဲ့နှင့် အတူတူ လှုပ်ရှားခဲ့တဲ့ ပုံရိပ်တွေနှင့် ပတ်သက်ပြီးတော့ Malik က “စောင့်ကြည့်နေတဲ့ မျက်လုံးတွေအောက်မှာ
နေနိုင်ရင်နေ မဟုတ်ရင်တော့ အဲ့ဒါတွေက စိတ်ဒုက္ခ ပေးနိုင်တယ်။ မီဒီယာတွေက ဒီလိုပုံစံပဲဆိုတာသိတဲ့အတွက် ကျွန်တော် ဆင်ခြင်တုံတရားလေးနဲ့ ထိန်းထားပါတယ်။ ဒါကြောင့်လည်း ကျွန်တော်က နားလည်ရခက်ပြီးတော့ သံယောဇဉ်ကင်းမဲ့တယ် လို့ထင်ရတာ ဖြစ်နိုင်ပါတယ်။ ကျွန်တော်က အစစ်အမှန်မဟုတ်တဲ့ အရာတွေထဲမှာ အချုပ်နှောင်မခံခြင်လို့ပါ” လို့ ရှင်းပြခဲ့ပါတယ်။

အဖွဲ့ကထိပ်ဆုံးရောက်နေတုံးမှာ နုတ်ထွက်မှဖြစ်မယ်လို့ ကြိုသိထားတာလားလို့မေးတဲ့အခါမှာတော့ “ အဲ့ဒီလိုပြောတာမဟုတ်ပါဘူး။
ကျွန်တော်သာ ကြိုသိနေမယ်ဆိုရင်တော့ ဦးနှောက်တော်တော်ကောင်းလို့ပဲဖြစ်ရမယ်” လို့ဆက်လက်ပြောကြားသွားပါတယ်။
အင်တာဗျူးအပြည့်အစုံနှင့် ဓာတ်ပုံတွေကို မတ်လ ၂၄ ရက်မှာ NME.com မှာ
အခမဲ့ကြည့်ရှုနိုင်မှာပါ။

Malik ရဲ့ album 'Mind of Mine' က မတ်လ ၂၅ ရက်မှာ ထွက်ရှိမှာပါ။ ဒီထဲမှာပါဝင်တဲ့ 'Pillowtalk' သီချင်းဟာ ဒီနှစ်အစောပိုင်းမှာ UK နှင့် US
တို့မှာ နံပါတ် ၁ ရရှိခဲ့တာပါ။

'Pillowtalk' သီချင်းဟာ US မှာ One Direction အဖွဲ့ ထွက်ရှိခဲ့တဲ့ သီချင်းတွေအားလုံးထက်မြင့် တဲ့နေရာကိုရောက်ရှိခဲ့တာပါ။ One Direction
အဖွဲ့ Billboard Hot 100 မှာ အမြင့်ဆုံးရောက်ရှိခဲ့တာကတော့ ဒုတိယနေရာဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ 'Best Song Ever'
သီချင်းနှင့် ရရှိခဲ့တာပါ။



( RII )


#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : NME