Jast Sparrow လို့ မြန်မာနိုင်ငံမှာ လူသိများတဲ့ ပင်လယ်ဓါးပြဇာတ်လမ်းတွဲရဲ့ နောက်ဆုံးဇာတ်လမ်းဖြစ်တဲ့ Pirates Of The Caribbean: Dead Men Tell No Tales ဇာတ်ကားဟာ ထုတ်လုပ်မှုစတင်ကတည်းက ထူးဆန်းစွာ သတင်းတွေငြိမ်သက်နေတာဖြစ်ပါတယ်။ ဒါကြောင့် Disney
ကနေသတင်းအစအနလေး ကြားရတာဟာပဲ သတင်းကောင်းဖြစ်ပါတယ်။
ပင်လယ်ပြင်မှာ အတိုက်အခိုက်ကျွမ်းကျင်တဲ့ Captain Jack Sparrow အဖြစ် Johnny Depp၊ Will Turner အဖြစ် Orlando Bloom၊ လူဆိုးCaptain Salazar အဖြစ် Javier Bardem၊ Barbossa အဖြစ် Geoffrey Rush၊ Kaya Scodelario နှင့် Brenton Thwaites တို့က ဇာတ်ကောင်အသစ်များအဖြစ်ပါဝင်ထားတဲ့ သရုပ်ဆောင်များနှင့်အတူ Sir Paul McCartney ကပါဝင်မှာဖြစ်ပါတယ်။
အထူးဆန်းဆုံးအခြေအနေကတော့ Paul McCartney ပါဝင်မည့် ဇာတ်ဝင်ခန်းဟာ ပြန်လည်ပြင်ဆင်ရိုက်ကူးခြင်းမဟုတ်ဘဲ ဇာတ်ကားတစ်ကားလုံး ထုတ်လုပ်ပြီးနောက်ပိုင်းမှ အပိုဇာတ်ဝင်ခန်း ထပ်မံထည့်သွင်းခြင်းဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ဇာတ်ကောင်ကို
ခုချိန်မှာတော့ လျှို့ဝှက်ထားတာဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားပြီး credits နောက်ပိုင်မှာပါဝင်မည့် ဇာတ်ကွက်လို့ ခန့်မှန်းရပါတယ်။
Pirates Of The Caribbean 5: Dead Men Tell No Tales ဇာတ်ကားကို မေလ ၂၆ ရက် ၂၀၁၇ ခုနှစ်မှာ ရုံတင်မှာဖြစ်ပါတယ်။
( RII )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : insidethemagic