Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ‘Press Your Number’သီချင်းအတွက် Bruno Marsနှင့်အတူတူ အလုပ် လုပ်ဖြစ်ပုံအကြောင်းပြောပြတဲ့ Taemin

‘Press Your Number’သီချင်းအတွက် Bruno Marsနှင့်အတူတူ အလုပ် လုပ်ဖြစ်ပုံအကြောင်းပြောပြတဲ့ Taemin

| No comment


SHINEE အဖွဲ့ဝင် Taeminရဲ့ ပထမဦးဆုံး တစ်ကိုယ်တော် Album ‘Press It’ တွင်သီချင်းအသစ် (၁၀) ပုဒ်ပါဝင်ပြီး ခေါင်းစဉ်သီချင်းဖြစ်တဲ့ ‘Press Your Number’ ကို  ကမ္ဘာကျော်တေးသံရှင် Bruno Mars က ရေးသားပေးထားတာပါ။

Taemin က “Bruno Mars က ကျွန်တော်အဆိုတော်မဖြစ်ခင်ကတည်းက သဘောကျရတဲ့သူပါ။ သူက သီချင်းတွေလဲရေးတယ်ဆိုတော့ အရမ်းတော်တဲ့တေးသံရှင်တစ်ယောက်လို့ထင်မိပါတယ်။ သူ့သီချင်းတွေကို နားထောင်ရင်းနဲ့ ကျွန်တော် လေးစား အားကျရတဲ့သူတစ်ယောက်ပါ။ သူနဲ့အတူတူ အလုပ်လုပ်ခွင့်ရတာ ဂုဏ်ယူစရာပါ။” လို့ပြောခဲ့ပါတယ်။

ကံမကောင်းစွာဖြင့် Bruno Marsနှင့် လူကိုယ်တိုင်မတွေ့ဖြစ်ခဲ့ကြောင်းကို “ ဒီသီချင်းကို အခုမှထုတ်ဖြစ်ပေမယ့် လွန်ခဲ့တဲ့ (၄) နှစ်ကတည်းကရခဲ့တာပါ။ နှမြောစရာကောင်းတာက သူနဲ့လူချင်းမတွေ့ဖြစ်ခဲ့ပါဘူး” လို့ပြောခဲ့ပါတယ်။


(RII)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com


Ref : Allkpop