SHINEE အဖွဲ့က ၂၃ ကြိမ်မြောက် East Billboard Music Award ဆုပေးပွဲကို မတ်လ ၂၈ ရက်က တက်ရောက်ခဲ့ပြီး The Prestigious Asia’s Best Group Award ဆုကိုရရှိခဲ့ပါတယ်။
East Billboard Music Award ဆုပေးပွဲကို ၁၉၉၄ ခုနှစ်ကတည်းက East Satellite TV မှာ နှစ်စဉ်ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီနှစ်ဆုပေးပွဲကိုတော့ G.E.M၊ Zhou Bichang၊ Zhang Jie၊ SNH48 နှင့် အနုပညာရှင်များစွာ
တက်ရောက်ခဲ့ကြပါတယ်။
SHINEE အဖွဲ့ က ဒီနှစ်ဆုပေးပွဲကို တက်ရောက်ခဲ့တဲ့ တစ်ဖွဲ့တည်းသော ကိုရီးယားအနုပညာရှင်ဖြစ်ပါတယ်။ ဆုလက်ခံရယူစဉ်မှာ “ဒီခမ်းနားလှတဲ့ ဆုပေးပွဲကို တက်ရောက်ခွင့်ရတာ ဂုဏ်ယူစရာပါ။ ကျွန်တော်တို့က ဒီအဓိပ္ပာယ်ပြည့်ဝလှတဲ့ဆုကို ရရှိတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ကျွန်တော်တို့ရဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ ပုံစံကို ပြသနိုင်အောင် SHINEE အဖွဲ့အနေနဲ့
ကြိုးစားသွားပါ့မယ်။” လို့ပြောကြားသွားပါတယ်။
ဆက်လက်ပြီးတော့ SHINEE အဖွဲ့က ဆုပေးပွဲအဆုံးသတ်မှာလည်း ပါဝင်ဖျော်ဖြေပေးခဲ့ပါတယ်။ SHINEE အဖွဲ့က အောင်မြင်ခဲ့တဲ့ “View”
သီချင်းကို သီဆိုခဲ့ပြီး Taemin က တစ်ကိုယ်တော် သီချင်းဖြစ်တဲ့ “Press Your Number” နှင့်ဖျော်ဖြေခဲ့ပါတယ်။
SHINEE အဖွဲ့က လက်ရှိမှာ ကမ္ဘာလှည့်ဖျော်ဖြေပွဲအတွက် ဂျပန်မှာ ရောက်ရှိနေတာဖြစ်ပါတယ်။
( RII )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Soompi