SM Entertainment ရဲ့ ကုမ္ပဏီခွဲ တစ်ခုဖြစ်တဲ့ SM C&C က SM ရဲ့ နာမည်အကြီးဆုံး အနုပညာရှင်တွေပါဝင်တဲ့ Web Variety Show အသစ်တစ်ခုပြုလုပ်မှာဖြစ်ပါတယ်။
သတင်းဌာနတစ်ခုရဲ့ပြောကြားချက်အရ SM C&C က “Earth Life Report” လို့ ယာယီအမည်ပေးထားတဲ့ Web Variety Show အတွက်ပြင်ဆင်နေပြီး၊ ဧည့်သည်အဖြစ်ပါဝင်မည့်သူတွေကို ရွေးချယ်ပြီးကြောင်းသိရပါတယ်။
ပထမဆုံးအပိုင်းကို မတ်လကုန်ခါနီးမှာ ထုတ်လွှင့်မှာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ဉာဏ်စမ်းပြိုင်ပွဲပုံစံပြုလုပ်မှာဖြစ်ပြီး အနိုင်ရရှိသူကို
ဆုချီးမြှင့်မှာဖြစ်ပါတယ်။ အစီစဉ်တင်ဆက်သူတွေအဖြစ် Super Junior အဖွဲ့ဝင် Leeteuk၊ TRAX အဖွဲ့ဝင် Jungmo နှင့်Red Velvet အဖွဲ့ဝင် Yeri
တို့ကပါဝင်မှာပါ။ EXO အဖွဲ့ကတော့ ဧည့်သည်အဖြစ်ပါဝင်မှာပါ။
ဒီအစီအစဉ်မှာ SM ရဲ့ နာမည်အကြီးဆုံး အနုပညာရှင်တွေပါဝင်ထားပြီး Online ကနေထုတ်လွှင့်မှာ ဖြစ်တဲ့အတွက် ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေရဲ့ တုံ့ပြန်မှုကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ အပိုင်း ၈ပိုင်း ပါဝင်မှာဖြစ်ပြီး ပြည်တွင်း Sites တွေနှင့် တရုတ်နိုင်ငံရဲ့ Online platforms နှင့် social media တွေမှာ ထုတ်လွှင့်မှာဖြစ်ပါတယ်။
( RII )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Soompi