Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , 'The Predator,' 'Alien: Covenant' ရုပ်ရှင်တွေ ထွက်ရှိမယ့် နေ့ရက်တွေ ကြေညာ

'The Predator,' 'Alien: Covenant' ရုပ်ရှင်တွေ ထွက်ရှိမယ့် နေ့ရက်တွေ ကြေညာ

| No comment


20th Century Fox ရုပ်ရှင်ထုတ်လုပ်ရေးက နောက်ထပ်ထွက်ရှိလာမယ့် သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေဖြစ်တဲ့ The Predator နဲ့ Alien: Covenant တို့ တရားဝင်ရုံတင်ပြသမယ့် နေ့တွေကို ကြေညာသွားပါတယ်။

Iron Man 3 ရုပ်ရှင်ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Helmer Shane Black က Predator ရုပ်ရှင်ကို ရိုက်ကူးဖို့ စီစဉ်ထားတာဖြစ်ပြီး ၂၀၁၈ ခုနှစ် မတ်လ ၂ ရက်နေ့မှာ ရုံတင်မယ်လို့ တနင်္ဂနွေနေ့က ကြေညာသွားပါတယ်။

Ridley Scott ရိုက်ကူးတဲ့ Alien ရုပ်ရှင် ဇာတ်လမ်းတွဲတွေထဲက ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ Prometheus ပြီးတဲ့နောက် ၂၀၁၇ ခုနှစ် သြဂုတ်လ ၄ ရက်နေ့မှာလည်း Alien: Covenant ရုပ်ရှင်ဇာတ်ကားအသစ်ကို ရုံတင်ပြသသွားဖို့ စီစဉ်ထားပါတယ်။

Fox ကနေ နောက်ထပ်ထွက်ရှိမယ့် ရုပ်ရှင်ဇာတ်ကားသစ်တွေကတော့ ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ X-Men spinoff Gambit နဲ့ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၆ ရက်နေ့နဲ့ ၂၀၁၈ ခုနှစ် ဇန်န၀ါရီ ၁၂ ရက်နေ့မှာလည်း အမည်ဖော်ပြထားခြင်းမရှိသေးတဲ့ Marvel ရုပ်ရှင်ကားနှစ်ကား ထွက်ရှိဦးမယ်လို့လည်း ကြေညာထားပါတယ်။

( Paing A K )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : UPI