Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ဇေန်မာလစ်ရဲ့အယ်လ်ဘမ်သစ်မှာ Urdu ဘာသာစကားနဲ့ သီဆိုထားတဲ့သီချင်းအသစ်တစ်ပုဒ်ပါဝင်

ဇေန်မာလစ်ရဲ့အယ်လ်ဘမ်သစ်မှာ Urdu ဘာသာစကားနဲ့ သီဆိုထားတဲ့သီချင်းအသစ်တစ်ပုဒ်ပါဝင်

| No comment


One Direction အဖွဲ့သားဟောင်း Zayn Malik (ဇေန်မာလစ်)က မတ်လ ၂၅ရက်နေ့မှာ သူရဲ့ပထမဆုံး  တစ်ကိုယ်တော် အယ်လ်ဘမ်ကို ဖြန့်ချိခဲ့ပြီး အဆိုပါ အယ်လ်ဘမ်မှာ သူရဲ့ဖခင်ကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ဖခင်ရဲ့ဘာသာစကားဖြစ်တဲ့ Urdu စကားနဲ့သီဆိုထားတဲ့သီချင်းတစ်ပုဒ် ပါဝင်ခဲ့ပါတယ်။

One D အဖွဲ့သားဟောင်း ဇေန်က ပြီးခဲ့တဲ့နှစ် မတ်လ ၂၅ရက်နေ့က လုပ်ခဲ့တဲ့ ဖျော်ဖြေပွဲတစ်ခုအတွင်း အဖွဲ့ကနေ နှုတ်ထွက်ခဲ့တာဖြစ်ပြီး ယခု သူရဲ့ အယ်လ်ဘမ် ထွက်တဲ့ရက်နဲ့တူနေပါတယ်။ ဇေန်ရဲ့  “Mind of Mine”လို့ အမည်ရတဲ့ အယ်လ်ဘမ်ဟာ နိုင်ငံပေါင်း ၇၀ မှာ နံပါတ်တစ်နေရာရောက်ရှိနေပြီဖြစ်ပါတယ်။

“Intermission: Flower” လို့အမည်ရပြီး ဇေန်ဖခင်ရဲ့ ဘာသာစကား Urdu နဲ့ဆိုထားတာဖြစ်ပါတယ်။ အဆိုပါသီချင်းဟာ ငြိမ့်ညောင်းပြီးပါကစ္စတန်ယဉ်ကျေးမှုတွေ လွှမ်းခြုံထားပါတယ်။

“သူနဲ့ သူမိသားစုဆက်ဆံရေး အထူးသဖြင့် သူ့အဖေနဲ့ဆက်ဆံရေးက သူ့အတွက်သိပ်အရေးကြီးတယ်”လို့ဇေန်ရဲ့ ပရိုဂျုဆာက Entertainment Weelyကိုပြောခဲ့ပါတယ်။ “ကျွန်တော် အဝေးကြီးကို လွင့်ထွက်သွားသလိုပဲ သူဒီလိုမျိုးဆိုတတ်တယ်ဆိုတာ ကျွန်တော်မသိခဲ့ဘူး” လို့ဆက်ပြောပါတယ်။

ပါကစ္စတန်နိုင်ငံသားဖခင်က ဆင်းသက်လာပြီး အစ္စလာမ်ဘာသ၀င်တစ်ယောက်ဖြစ်တဲ့ဇန့်ကို
ပြီးခဲ့တဲ့နှစ်က Muslimဘာသာရေးနဲ့နိုင်ငံရေးအမြင်တွေကို မေးမြန်းခဲ့တဲ့အခါ “ကျွန်တော်က တခြားသူတွေသူတို့ဘာသာရေးလုပ်ကြသလိုပေါ့ ပုံမှန်ပဲ ကျွန်တော့်ဘာသာရေးကိုလိုက်လုပ်တတ်တဲ့ သာမန်လူတစ်ယောက်ပါပဲ”လို့ဖြေခဲ့ပါတယ်။

ဒါ့အပြင် “ကျွန်တော်က တခြားအရာကို လွှမ်းမိုးဖို့ ဒါမှမဟုတ် ကျွန်တော့်ကို ဘာသာရေးအကြောင်းပြချက်တစ်ခုလို တံဆိပ်နှိပ်ဖို့ ဘယ်တော့မှ မကြိုးစားဖူးဘူး။ ကျွန်တော်က ကျွန်တော်ပါပဲ”လို့ ဇန်က ပြောခဲ့ပါတယ်။

(Beauty Syh)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : UPI