Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , တရုတ်နိုင်ငံရဲ့ Variety Show မှာပါဝင်မည့် GOT7အဖွဲ့ဝင် Jackson

တရုတ်နိုင်ငံရဲ့ Variety Show မှာပါဝင်မည့် GOT7အဖွဲ့ဝင် Jackson

| No comment


GOT7အဖွဲ့ဝင် Jackson ဟာ တရုတ်နိုင်ငံမှာ ထုတ်လွှင့်မည့် Variety Show ရဲ့ အစီအစဉ်တင်ဆက်သူအဖြစ် ရွေးချယ်ခံရပါတယ်။

ရုပ်သံလွှင့်ဌာန ကိုယ်စားလှယ်များရဲ့ ပြောဆိုချက်အရ Jackson ဟာ Hunan TV ရဲ့ အစီအစဉ်သစ်ဖြစ်တဲ့ “Sunday Is Tasty” အစီအစဉ်မှာ
ပုံမှန်အစီအစဉ်တင်ဆက်သူအဖြစ် ရွေးချယ်ခံခဲ့ရပြီး  မကြာသေးခင်က တရုတ်နိုင်ငံမှာ ပထမဆုံး ရိုက်ကူးရေးပြီးမြောက်ခဲ့ပါတယ်။

Jackson က ကိုရီးယားရဲ့ ဟင်းချက်နည်း အစီအစဉ် “Please Take Care of My Refrigerator” ကို တရုတ်လိုရိုက်ကူးထားတဲ့ iQiyi ရဲ့ အစီအစဉ်မှာ အစီအစဉ်တင်ဆက်သူအဖြစ်ပါဝင်ခဲ့ပြီးတဲ့နောက် သူ့အရည်အချင်းကို တရုတ်နိုင်ငံဈေးကွက်မှာ သက်သေပြနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီကြေညာချက်ကို ဇန်နဝါရီလမှာ Twice အဖွဲ့ဝင် Tzuyu ရဲ့ ကိစ္စဖြစ်ပွားပြီးနောက် JYP Entertainment က တရုတ်နိုင်ငံမှာ
လှုပ်ရှားမှုတွေဆက်လက် ပြုလုပ်သွားမည့် လက္ခဏာအဖြစ် မှတ်ယူရပါတယ်။

Jackson က လတ်တလောမှာ KBS ရဲ့ “A Look at Myself” အစီအစဉ်မှာ g.o.d အဖွဲ့ဝင် Park Joon Hyung နှင့်အတူပါဝင်လျက်ရှိပါတယ်။

(RII)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Soompi