Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Vevo မှာ video ကြည့်ရှုနှုန်း ၁၀ ဘီလီယံပြည့်သွားတဲ့ ပထမဆုံးအနုပညာရှင်ဖြစ်လာတဲ့ ဂျက်စတင်ဘီဘာ

Vevo မှာ video ကြည့်ရှုနှုန်း ၁၀ ဘီလီယံပြည့်သွားတဲ့ ပထမဆုံးအနုပညာရှင်ဖြစ်လာတဲ့ ဂျက်စတင်ဘီဘာ

| No comment


Justin Bieber (ဂျက်စတင်ဘီဘာ)ဟာ သူ့ရဲ့ video တွေကို Vevo မှာ ကြည့်ရှုနှုန်း ပေါင်း ၁၀ ဘီလီယံ ပြည့်သွားတဲ့ ပထမဆုံး အနုပညာရှင်ဖြစ်လာပါတယ်။ ၆ နှစ် (၂,၃၁၆ ရက် အတိအကျ) အတွင်းမှာ များပြားလှတဲ့ ကမ္ဘာတစ်လွှားက ကြည့်ရှုသူတွေ
စုဆောင်းမိလာတာဖြစ်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။

Justin ရဲ့ တတိယမြောက် စတူဒီယို အယ်လ်ဘမ် ဖြစ်တဲ့ Purpose ထဲမှာပါဝင်တဲ့ သီချင်းတွေ စက်တင်ဘာလမှာ ထွက်ရှိပြီးနောက်ပိုင်းမှာ ၄ မီလီယံထက်ပိုတဲ့ ကြည့်ရှုနှုန်းတိုးလာတာပါ။ အောင်မြင်ကျော်ကြားတဲ့ “Sorry” သီချင်းဗီဒီယိုရဲ့ ကြည့်ရှုနှုန်းက ၁.၁ ဘီလီယံဖြစ်ပြီး “Love Yourself” သီချင်းဗီဒီယိုရဲ့ ကြည့်ရှုနှုန်းက 445 မီလီယံဖြစ်ပါတယ်။

Vevo ရဲ့ပြောပြချက်အရ စက်တင်ဘာလအတွင်းမှာ “Justin ရဲ့အရှိန်အဟုန်မြင့်လာပါတယ်။ Vevo chart မှာလည်း ထိပ်ဆုံးနေရာကို ရက်သတ္တပတ် ၁၉ ပတ်ဆက်တိုက် ထိန်းထားနိုင်တယ်။” သူက Katy Perry နှင့် Taylor Swiftတို့လို ကြည့်ရှုနှုန်း ၁ ဘီလီယံထက်ပိုတဲ့ ဗီဒီယို ၂နှစ်ခုရှိတဲ့ တစ်ဦးတည်းသော အနုပညာရှင်ဖြစ်နေပြီးသားပါ။

JB ရဲ့ အောင်မြင်မှုကိုထိုးဖောက်ခဲ့တဲ့ ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Baby” ဗီဒီယိုက ၁.၃ ဘီလီယံ ရှိပါတယ်။ “What Do You Mean?” ဗီဒီယိုက
၈၈၇.၇ မီလီယံ ရှိပြီး နောက်ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ၁ ဘီလီယံကို ရောက်ရှိနိုင်ခြေရှိပါတယ်။ အဲ့ဒီလိုဖြစ်ခဲ့မယ်ဆိုရင်တော့ Justin က ကြည့်ရှုနှုန်း ၁ ဘီလီယံထက်ပိုတဲ့ ဗီဒီယို ၃နှစ်ခုရှိတဲ့ တစ်ဦးတည်းသော အနုပညာရှင်ဖြစ်လာမှာပါ။


( RII )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Billboard