Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , “Views From the 6” အယ်လ်ဘမ်ထွက်ရှိဖို့ အဆိုကျော် Drake အတည်ပြုခဲ့လေသလား?

“Views From the 6” အယ်လ်ဘမ်ထွက်ရှိဖို့ အဆိုကျော် Drake အတည်ပြုခဲ့လေသလား?

| No comment



အခုဆိုရင်တော့ အဆိုကျော် Drake ရဲ့ Views from the 6 အယ်လ်ဘမ်ကိုရရှိဖို့ တဖြည်းဖြည်းနီးကပ်လာပါပြီ။

အကြာကြီးစောင့်ခဲ့ရပြီးနောက်မှာတော့ Drake က မတ်လ ၁၅ရက် အင်္ဂါနေ့မနက်အစောပိုင်းက Instagram မှာ ဝေမျှခဲ့တဲ့ သူရဲ့ပုံအောက်မှာ ထုတ်ဝေမယ့်လကို အတည်ပြုခဲ့ပါတယ်။

အဆိုပါပုံမှာ “Views”ဆိုတဲ့ စကားလုံးကို နောက်ခံအဖြူပေါ်မှာ အနက်ရောင်စာလုံးတွေနဲ့ရေးသားထားတဲ့
Billboardတစ်ခုကို ဖော်ပြထားပြီး ပုံရဲ့အောက်မှာတော့ Aprilဆိုပြီး ရိုးရိုးရှင်းရှင်းရေးသားထားခဲ့ပါတယ်။

အတိအကျရက်စွဲထွက်လာဖို့ကတော့ သိပ်မဝေးကွာတော့ပါဘူး။

“Views from the 6”အယ်လ်ဘမ် က၂၀၁၃မှာထွက်ရှိခဲ့တဲ့ “Nothing was the Same” နောက် ထွက်ရှိမှာဖြစ်ပါတယ်။ဒီကြားထဲမှာတော့ ကနေဒါ MC ဖြစ်တဲ့ Drakeဟာ  “ If You’re Reading This Too Late”နဲ့ “What  a Time to Be Alive”ဆိုတဲ့ mixtapeနှစ်ခွေကို ထုတ်ဝေခဲ့ပါတယ်။

အဆိုပါ နှစ်ခွေက ၂၀၁၅မှာထွက်ရှိခဲ့ပြီး Billboard 200မှာ နံပါတ် တစ်နေရာချိတ်ခဲ့ပါတယ်။

“Views From the 6 ”အယ်လ်ဘမ်ရဲ့အကြိုအဖြစ် Noah “40” Shebib,Boi-1da နဲ့ CuBeatzတို့ထုတ်လုပ်ထားတဲ့ Summer Sixteen ဆိုတဲ့ သီချင်းအသစ်ကို နှစ်အစောပိုင်းက ချပြခဲ့ပါတယ်။  Drakeကသူရဲ့ စတုတ္ထမြောက် အယ်လ်ဘမ်အတွက် အပြည့်အ၀ပြီးစီးသွားတဲ့အခါ R&B ဘုရင်မ ရီဟားနားနဲ့ ယခုလက်ရှိ စတုတ္ထမြောက် အပတ်အတွက် Billboardမှာ ထိပ်ဆုံးရောက်နေတဲ့သီချင်းအသစ် “Work”ကို  အတူတူတွဲလုပ်ခဲ့ပါတယ်။


(Beauty Syh)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Aceshowbiz