Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Welcome to My Life လို့အမည်ရတဲ့ သူ့ရဲ့ဘ၀အကြောင်း ရုပ်ရှင်ဖြန့်ချိမယ့် ခရစ်ဘရောင်း

Welcome to My Life လို့အမည်ရတဲ့ သူ့ရဲ့ဘ၀အကြောင်း ရုပ်ရှင်ဖြန့်ချိမယ့် ခရစ်ဘရောင်း

| No comment

အဆိုကျော် Chris Brown (ခရစ်ဘရောင်း) ဟာ “Chris Brown:Welcome to My Life” လို့ အမည်ရတဲ့ ရုပ်ရှင်ကားကို
ဖြန့်ချိဖို့ပြင်ဆင်နေပြီဖြစ်ပါတယ်။

အသက် ၂၆နှစ်ရှိပြီဖြစ်တဲ့အဆိုကျော်က အင်္ဂါနေ့က Instagramမှာ အဆိုပါရုပ်ရှင်ရဲ့ပိုစတာကို ဝေမျှခဲ့ပြီး
အဲဒီအောက်မှာ Coming soonလို့ရေးသားခဲ့ပါတယ်။

ပိုစတာက အရိပ်ထဲမှာ ထိုင်နေတဲ့ ခရစ် ဘရောင်းရဲ့ပုံဖြစ်ပြီး “He went from being America’s sweetheart to public enemy number one”ဆိုတဲ့ စာသားကိုရေးသားထားပါတယ်။

ရုပ်ရှင်ကားမှာ ခရစ်ဘရောင်းရဲ့ အတိတ်က ပြသနာတွေနဲ့လူမှုရေးပုံရိပ်တွေပါ ရိုက်ကူးထားတာဖြစ်ပါတယ်။

Real 92.3 Radio ရဲ့တင်ဆက်သူ Big Boyက “ ၂၀၁၆မှာထွက်ရှိလာမယ့် ဘရောင်းရဲ့ ရုပ်ရှင်ကားမှာ
သူ့ရဲ့ဘ၀အကြောင်း သူ့ရဲ့ဘ၀ကဘယ်လိုမျိုးလဲ  သူ့ခေါင်းထဲမှာ ဘာတွေရှိလဲဆိုတာ တွေ့ရပါလိမ့်မယ်”လို့ဆိုပါတယ်။

Big Boyကဆက်လက်ပြီး “ခရစ်ဘရောင်းက သူ့ရဲ့ရုပ်ရှင်မှာ ကျွန်တော်တို့သိပြီးသား မြင်ပြီးသား အကြောင်းတွေကိုတောင်မှ တစ်ခုခြင်းကို ဆွဲထုတ်ပြသွားတယ်” လို့ဆိုပါတယ်။


ခရစ်ဘရောင်းက ၂၀၀၉ခုနှစ်မှာ သူ့ရဲ့ချစ်သူ ရီဟားနားကို ကိုယ်ထိလက်ရောက်ရိုက်နှက်မှုနဲ့အဖမ်းခံနေရစဉ်မှာ သူ့ရဲ့ နာမည်ကျော် ဆင်ဂယ်တွေဖြစ်တဲ့ “Kiss Kiss” “with You”စတာတွေနဲ့လူသိများလာခဲ့ပါတယ်။အဆိုပါ အဖြစ်အပျက်ကနေ နာမည်ပြန်ကျသွားခဲ့ပြီးနောက်မှာ ခရစ်ဘရောင်းက သူ့ရဲ့ ရာဇ၀တ်မှုအတွက်အသနားခံစာတင်ခဲ့ပါတယ်။

ခရစ်ဟာတဖြည်းဖြည်းနဲ့ အောင်မြင်မှုရလာအောင်ပြန်လုပ်ခဲ့ပါတယ်။ခရစ်ဟာသူ့ရဲ့ချစ်သူ Karruende Tranနဲ့  ပြတ်ဆဲခဲ့ပြီးနောက်မှာ သူရဲ့ ခုနှစ်ခွေမြောက် အယ်လ်ဘမ် Loyaltyကိုထုတ်ဝေခဲ့ပါတယ်။ အဆိုပါ အယ်လ်ဘမ်က သူ့ရဲ့ သမီး Loyaltyကို ရည်ညွှန်းခဲ့တာဖြစ်ပါတယ်။


(Beauty Syh)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Aceshowbiz