Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Zootopia ဇာတ်ကား မြောက်အမေရိကမှာ ဒုတိယအပတ်အတွက်နံပါတ် ၁နေရာရောက်ရှိ

Zootopia ဇာတ်ကား မြောက်အမေရိကမှာ ဒုတိယအပတ်အတွက်နံပါတ် ၁နေရာရောက်ရှိ

| No comment


စွန့်စားဇာတ်လမ်းကို အခြေခံရိုက်ကူးထားတဲ့ အန်နီမေးရှင်းဇာတ်ကား Zootopia က မြောက်အမေရိကမှာ ဒုတိယပတ်အတွက် ၀င်ငွေ ၅၀မီလံယံဒေါ်လာနဲ့ ရောက်ရှိခဲ့တယ်လို့ Rentrakက တနင်္ဂနွေနေ့မှာ ကြေညာခဲ့ပါတယ်။

ရုပ်ရှင်ကားရဲ့ နောက်ခံအသံသရုပ်ဆောင်တွေတော့ ဂျင်နီဖာ ဂွတ်ဝင်း(Ginnifer Goodwin)၊ဂျေဆင် ဘိတ်မန်း(Jason Bateman)နဲ့ အိုင်ဒရစ် အယ်ဘာ(Idris Elba)တို့ဖြစ်ပါတယ်။ အရွယ်အစားသေးငယ်တဲ့ ယုန်မလေးတစ်ကောင်ဟာ တိရိစ္ဆာန်လောကရဲ့ တာဝန်ရှိရဲတစ်ယောက်ဖြစ်လာတဲ့အချိန်မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ တရားခံထုတ်ဖော်စွန့်စားခန်းတွေကို ဟာသနှော ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။

Zootopia ရဲ့နောက်မှာတော့10 Cloverfield Lane က မီလီယံဒေါ်လာ ၂၅.၂နဲ့ နံပါတ် ၂၊ Deadpoolဇာတ်ကားက ၁၀.၈ မီလံယံဒေါ်လာနဲ့နံပါတ် ၃၊London Has Fallenဇာတ်ကားက ၁၀.၇မီလီယံဒေါ်လာနဲ့ နံပါတ် ၄၊Wiskey Tango Foxtrotဇာတ်ကားက ၄.၆ မီလီယံဒေါ်လာနဲ့ နံပါတ်၅ နေရာမှာ အသီးသီး ရပ်တည်နေကြပါတယ်။

နံပါတ် ၆နေရာမှာတော့ ၄.၂မီလီယံဒေါ်လာနဲ့ The Perfect Match ဇာတ်ကား ၊နံပါတ် ၇နေရာမှာ ၃.၄မီလီယံဒေါ်လာ နဲ့ The Young Messiahဇာတ်ကားတို့ ရပ်တည်နေပြီး ၃.၂မီလီယံဒေါ်လာရရှိခဲ့တဲ့
The Brothers Grimsbyဇာတ်ကားက နံပါတ် ၈၊ ၂.၅မီလီယံဒေါ်လာရခဲ့တဲ့ Gods of Egyptက နံပါတ် ၉နဲ့ Risenဇာတ်ကားက ၂.၃မီလီယံဒေါ်လာနဲ့ နံပါတ် ၁၀နေရာမှာ ရောက်ရှိနေပါတယ်။

(Beauty Syh)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : UPI