Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Batman Vs Superman ဇာတ်ကား ၀င်ငွေကျဆင်းသွားပေမယ့် Box Office ထိပ်တန်းမှာ ရပ်တည်နေဆဲဖြစ်

Batman Vs Superman ဇာတ်ကား ၀င်ငွေကျဆင်းသွားပေမယ့် Box Office ထိပ်တန်းမှာ ရပ်တည်နေဆဲဖြစ်

| No comment

"Batman vs Superman:Down of Justice" ဇာတ်ကားဟာ အလျင်အမြန်ပဲ ၀င်ငွေကျဆင်းသွားခဲ့ပါတယ်။ပြီးခဲ့တဲ့ အပတ်ရဲ့ အစပိုင်းက ဒေါ်လာ ၁၆၆မီလီယံနဲ့ ၀င်ငွေစံချိန်တင်ခဲ့တဲ့ ရုပ်ရှင်ဟာ ဒုတိယပတ်မှာတော့ ခန့်မှန်းချေ ၅၂.၄မီလီယံပဲရရှိထားပြီး အခုလောလောဆယ်မှာ စုစုပေါင်းဝင်ငွေ ၂၆၁.၅ မီလီယံပဲရရှိထားသေးပါတယ်။

ဝေဖန်ဆရာရေးတွေဆီကနေမှတ်ချက် များများစားစားရရှိမထားတဲ့ ရုပ်ရှင်အတွက် ဒါဟာ အံသြစရာတော့မဟုတ်ပါဘူး။၂၀၁၃ ဇွန်လမှာ ရုံတင်ခဲ့တဲ့ဒါရိုက်တာ Zack Snyder ရိုက်ကူးထားတဲ့ အရင်ဇာတ်ကား “Man of Steel"တုန်းကလည်း အစပိုင်းမှာ
၁၁၆.၆မီလီယံရရှိခဲ့ပေမယ့်ဒုတိယပတ်မှာ ၆၅%လောက် ကျဆင်းခဲ့ပါတယ်။

“ဒါကတကယ် လှပတဲ့ထင်ရှားတဲ့ကျဆင်းမှုပါ ဒါပေမယ့် မျှော်လင့်ထားပြီးသားပါ”လို့ Comscore ရဲ့ဝါရင့် မီဒီယာလေ့လာဆန်းစစ်သူ Paul Dergarabedianကဆိုပါတယ်။  “သင်ဟာ Box Officeရဲ့ အနိုင်ရသူကိုတော့ထည့်သွင်းစဉ်းစားရမယ် ဒါပေမယ့် ဝေဖန်ရေးမျက်နှာစာမှာတော့ ဒါက လှပပြီးခက်ခဲတဲ့ ရင်ခုန်မှုတစ်ခုနဲ့တူပါတယ် ဒါက ဝေဖန်ရေးဆရာတွေနဲ့ပရိသတ်တွေကြားထဲက အဆက်အသွယ် ပြတ်တောက်မှုအတွက်ပါ”လို့ Paulက ဆက်ပြောခဲ့ပါတယ်။

Batman Vs Supermanအနေနဲ့ မြောက်အမေရိကရဲ့ Box Officeမှာ နံပါတ်လေးနေရာကို ၈.၁မီလံယံဒေါ်လာနဲ့ရောက်ရှိနေတဲ့ “God’s Not Dead 2”နဲ့အပြိုင် ယခုရောက်နေတဲ့နေရာကို ထိန်းထားဖို့လိုအပ်နေပါတယ်။အဆိုပါ “God’s Not Dead 2”ရဲ့ပထမ ရုပ်ရှင်ဟာ ၂၀၁၄ မတ်လ ရုံစတင်တင်ချင်းမှာ ၉.၂ မီလီယံဒေါ်လာရရှိထားခဲ့တာဖြစ်ပါတယ်။

Mike Eppsသရုပ်ဆောင်ထားတဲ့ “Meets the Blacks”ကတော့ ဒေါ်လာ ၅.၁မီလီယံနဲ့ နံပါတ် ငါးနေရာထိတောင်မ၀င်ဘဲ နံပါတ် ၈နေရာပဲ ရရှိခဲ့ပါတယ်။

“Zootopia”ကတော့ နံပါတ် ၂နေရာမှာပဲ အပိုဝင်ငွေ ဒေါ်လာ မီလီယံ၂၀နဲ့ ဆက်လက်ရပ်တည်နေပြီးပြီးခဲ့တဲ့ အပတ်ကထက် ၁၆.၇%ပဲကျဆင်းခဲ့ပါတယ်။

“My Bid Fat Greek Wedding2”ကတော့   ဒေါ်လာ ၁၁.၁မီလီယံနဲ့ နံပါတ် ၃နေရာမှာ ရပ်တည်နေပါတယ် ။ “Miracles from Heaven”ကတော့ ၇.၆ မီလီယံနဲ့ နံပါတ် ၅နေရာကို ကျဆင်းခဲ့ပါတယ်။

“ဒီရုပ်ရှင်ဇာတ်ကားကို ပရိသတ်တွေ ဘယ်လောက်သစ္စာရှိပြီး ပြင်းပြကြသလဲဆိုတာ ဒါကအထောက်အထားကောင်းတစ်ခု
ဖြစ်တယ်”လို့ Jenifer Garnerနဲ့  Queen Latifahတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ “Miracles From Heaven”ကို ဆိုပါတယ်။

အဆိုပါဇာတ်ကားဟာ  ယခုအခါ မီလီယံဒေါ်လာ ၅၀နားကို နီးကပ်လာနေပြီးတော့ ငွေထုတ်စက်တစ်ခုလိုပဲ လို့ Paulက ဆက်ပြောခဲ့ပါတယ်။


(Beauty Syh)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com


Ref : aceshowbiz