Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Black Girl Rock Award ဆု ရရှိခဲ့တဲ့ ရီဟားနား

Black Girl Rock Award ဆု ရရှိခဲ့တဲ့ ရီဟားနား

| No comment


နာမည်ကျော်အဆိုတော်Rihana (ရီဟားနား)ဟာ  Aprilလ ၁ရက်နေ့ သောကြာနေ့မှာ Black Girl Rock ဆုကို ရရှိခဲ့ပါတယ်။

ဆုပေးပွဲကို နယူးဂျာစီရဲ့ Performing Arts Center မှာကျင်းပခဲ့တာဖြစ်ပြီး “Diamonds” သီချင်းပိုင်ရှင်က Black Girl Rock Award ကို လက်ခံရယူခဲ့ပြီး အဆိုပါဆုကို ရရှိခဲ့တဲ့အချိန်မှာ ပီတိမျက်ရည်ကျခဲ့ပါတယ်။

ဆုပေးပွဲအခမ်းအနားကို အင်္ဂါနေ့မှာ BETရုပ်သံလိုင်းတစ်လိုင်းတည်းကပဲ ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်။ ရီဟားနားရဲ့ဘ၀တစ်စိတ်တပိုင်းနဲ့ အဘွားဖြစ်သူ Gran Dollyအပေါ်တုန့်ပြန်မှုတွေကိုလည် ပြသခဲ့ပါတယ်။စင်မြင့်ထက်ကို တက်ပြီးဆုယူတဲ့အချိန်မှာ သူမမျက်ဝန်းမှာ မျက်ရည်တွေနဲ့ပြည့်နေပါတယ်။

အဆိုပါပွဲကို အင်အားဖြစ်စေတဲ့စကားပြောတွေနဲ့ မီဒီယာတွေမှာ သရုပ်ဆောင်တဲ့ အမျိုးသမီးတွေရဲ့နည်းလမ်းစာရင်းပြုစုပြီး အသားအရောင်ကွဲပြားတဲ့ အမျိုးသမီးတွေအတွက် မြှင့်တင်ပေးဖို့ နှစ်စဉ်ကျင်းပပေးတာဖြစ်ပါတယ်။

အခြားဂုဏ်ပြုခံရတဲ့သူတွေမှာ TV producer Shond Rhime ၊ အဆိုတော် Gladys Knight နဲ့ The Walking Dead ကြယ်ပွင့် Danai Gurira တို့ပါဝင်ခဲ့ပါတယ်။

ဆုပေးပွဲမှာ R&Bအဆိုတော်တွေဖြစ်တဲ့ Monica, Brandyနဲ့အခြားအနုပညာရှင်တွေ ဖျော်ဖြေပေးခဲ့ပါတယ်။
အခမ်းအနားကို ဒီနေ့ ည၈နာရီ မှာ စတင်ထုတ်လွှင့်မယ်လို့ သိရပါတယ်။

(Beauty Syh)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : aceshowbiz