ရုရှားနာမည်ကျော်တင်းနစ်မယ် ရှာရာပိုဗာကတော့ တားမြစ်ဆေးပြဿနာတွေ ကြုံတွေ့ခဲ့ရပြီး တင်းနစ်လောက ကနေ ခဏတာကင်းကွာနေပေမယ့်လည်း သူငယ်ချင်းတွေနဲ့အတူ ကမ်းခြေတစ်ခုမှာ ပေါ့ပေါ့ပါးပါးအနားယူနေခဲ့တာကို တွေ့ရပါတယ်။
အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ ရှာရာပိုဗာဟာဆိုရင်တော့ ပြီးခဲ့တဲ့ တနင်္လာနေ့ကလည်း သူငယ်ချင်းတွေနဲ့အတူ မြူးထူးကခုန်တေနတဲ့ ပုံတွေထွက်ပေါ်လာခဲ့ပြီးတဲ့နောက်မှာတော့ အနီရောင်ဘစ်ကနီဝတ်စုံနဲ့ အလန်းစားဓာတ်ပုံတွေက ထပ်မံပြီးထွက်ပေါ်လာခဲ့ပါတယ်။
ကမ်းခြေမှာ နေပူစာလှုံနေတဲ့ သူမဟာဆိုရင်တော့ အတော်လေးကို စိတ်သက်တောင့်သက်သာရှိနေတဲ့ ပုံပေါ်ပြီး သူမရဲ့ကောက်ကြောင်းအလှတွေကလည်း နွေရာသီအပူချိန်ကို ပိုပြီး မြင့်တက်စေခဲ့ပါတယ်။
ဝင်ဘယ်လ်ဒန်အိုးပင်းချန်ပီယံဟစာဆိုရင်တော့ ဒီလအစောပိုင်းက တားမြစ်ဆေးကျရှုံးတယ်လို့ ဝန်ခံခဲ့ပြီးတဲ့နောက်မှာ စပွန်ဆာတွေဖြစ်ကြတဲ့ Nike , Porsche နဲ့ တစ်ခြားသော ကုမ္ပဏီတွေက စာချုပ်ဖျက်သိမ်းခဲ့ကြတာကြောင့် ဝင်ငွေပေါင်သန်းပေါင်းများစွာနစ်နာခဲ့တဲ့သူပါ။
မယ်လ်ဒိုနီယမ်တားမြစ်ဆေးကို သုံးစွဲခဲ့မှုကြောင့် သြစတေးလျအိုးပင်းကစပြီး ပါဝင်ယှဉ်ပြိုင်ခွင့်မရခဲ့တဲ့ သူမဟာ တင်းနစ်လောက ကနေ မကြာခင်မှာ အနားယူဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။
Two-piece ဖုံးအုပ်ထားတဲ့ သူမရဲ့ ကောက်ကြောင်းအလှကလည်း ကမ်းခြေနဲ့ အပြိုင်လှပနေခဲ့ပြီး အခုလို အလန်းစားဓာတ်ပုံတွေကိုတော့ ဒေးလီးမေးလ်ရဲ့ ပါပရာဇီတွေက ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
( Paing A K )
#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : Dailymail