Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ဆလီနာဂိုးမက်ဇ်က သူမရဲ့ဘ၀မှန်ကို အခြေခံထားတဲ့ ရုပ်သံအစီအစဉ် ရိုက်ကူးဖို့စီစဉ်နေ

ဆလီနာဂိုးမက်ဇ်က သူမရဲ့ဘ၀မှန်ကို အခြေခံထားတဲ့ ရုပ်သံအစီအစဉ် ရိုက်ကူးဖို့စီစဉ်နေ

| No comment


Selena Gomez (ဆလီနာဂိုးမက်ဇ်)က သူ့ရဲ့ဘ၀နဲ့ အလုပ်အကြောင်းကို အခြေခံထားတဲ့ ဘ၀တစ်လျှောက်စာ ရုပ်သံအစီစဉ်သစ်ကို စီစဉ်နေတယ်လို့ဆိုပါတယ်။

အသက် ၂၃ နှစ်အရွယ် Gomez က Kevin Spacey နဲ့အတူ ဇာတ်ညွန်းရေးသားမှာဖြစ်ပြီး အဓိကထုတ်လုပ်သူအဖြစ် ဆောင်ရွက်မှာဖြစ်ပါတယ်။

House of Cards ရဲ့ အဓိကထုတ်လုပ်သူ Dana Brunetti နဲ့လည်း တွဲဖက်လုပ်ကိုင်မှာ ဖြစ်ပြီး Mandy Teefey, Samantha Droke, Troy Searer တို့ကတော့ တွဲဖက်ထုတ်လုပ်သူတွေအဖြစ် ဆောင်ရွက်ကြမှာပါ။

 “ ဒီဇာတ်လမ်းတွဲက သူ့ရဲ့တကယ့်ဘ၀ အတွေ့အကြုံတွေ၊ ဟောလိဝုဒ်လောကက အလုပ်အကိုင်တွေကို မှီငြမ်းရိုက်ကူးမှာဖြစ်ပြီး သူ့ရဲ့သူငယ်ချင်းတွေက သူ့အတွက် အယုံကြည်ရဆုံးသူတွေ အကြောင်းကိုလည်း မျက်မြင်တွေ့ကြရမယ့် ဇာတ်လမ်းမျိုးပါလို့ “ ကြေညာထားပါတယ်။

Gomez က သူ့ရဲ့ ဒုတိယမြောက် တစ်ကိုယ်တော် တေးအယ်လ်ဘမ် Revival ကို အောက်တိုဘာလတုန်းက ဖြန့်ချိခဲ့ပြီး ဖြစ်ပါတယ်။


( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : UPI