Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ဗြိတိန်နိုင်ငံရဲ့ အချမ်းသာဆုံး လူငယ်အဆိုတော် ဖြစ်လာတဲ့ အဒဲလ်

ဗြိတိန်နိုင်ငံရဲ့ အချမ်းသာဆုံး လူငယ်အဆိုတော် ဖြစ်လာတဲ့ အဒဲလ်

| No comment


ဗြိတိန် အဆိုတော်မလေး Adele (အဒဲလ်)  ဟာ သူမရဲ့ 25 ဆိုတဲ့ အယ်လ်ဘမ် အတွက် တစ်နှစ်အတွင်း အမြတ်ငွေ စတာလင်ပေါင် ၃၅ သန်း ရရှိခဲ့ပြီး လက်ရှိမှာ စတာလင်ပေါင် ၈၅ သန်းအထိ ကြွယ်ဝ ချမ်းသာ နေတယ်လို့ သိရပါတယ်။

ထို ကိန်းဂဏန်းတွေဟာ အသက် ၂၇ နှစ်သာ ရှိသေးတဲ့ အဆိုတော်မလေး Adele အတွက် ဗြိတိန် နိုင်ငံရဲ့  အချမ်းသာဆုံး အသက်၃၀ အောက် အဆိုတော် စာရင်းမှာ ထိပ်ဆုံးက ဦးဆောင်စေခဲ့ပါတယ်။

သူမရဲ့  25 ဆိုတဲ့ အယ်လ်ဘမ် မထွက်ခင် ရက်သတ္တပတ် အနည်းငယ်အလိုတုန်းက သူမရဲ့  ပိုင်ဆိုင်မှုဟာ စတာလင်ပေါင် ၁၇ သန်းသာ ရှိခဲ့တာ ဖြစ်ပါတယ်။ဒါ့အပြင် သူမရဲ့  25 အယ်လ်ဘမ်ဟာ အချပ်ရေပေါင်း သန်း ၂၀ အထိ စံချိန်တင်ရောင်းချနိုင်ခဲ့ပါသေးတယ်။

အခြား အဆိုတော်တွေဖြစ်ကြတဲ့ Sam Smith နဲ့ Florence Welch တို့ဟာ လည်း အယ်ဘမ်ရောင်းချမှုမှ ရရှိငွေ စတာလင်ပေါင် ၈ သန်း ဆီရရှိခဲ့ကြပြီး Adele ရဲ့  အောက်မှာ နေရာယူထားတာကိုလည်းတွေ့ရပါတယ်။

ဒါပေမယ့် စုစုပေါင်းချမ်းသာကြွယ်ဝမှု စတာလင်ပေါင် ၁၃၂ သန်းနဲ့ အချမ်းသာဆုံး လူငယ် တီးဝိုင်း ဖြစ်လာတာကတော့ One Direction အဖွဲ့ပဲ ဖြစ်ပါတယ်။ Niall ၊ Liam ၊ Harry နဲ့ Louis တို့ဟာ စတာလင်ပေါင် ၈ သန်းဆီ ရရှိခဲ့ကြပြီး တစ်ယောက်ချင်းဆီဟာ စတာလင်ပေါင် ၃၃ သန်းဆီ ချမ်းသာ ကြွယ်ဝကြပါတယ်။

အဖွဲ့ဝင်ဟောင်း Zayn Malik ကတော့ စတာလင်ပေါင် ၅သန်း ၀င်ငွေရှိခဲ့ပြီး စုစုပေါင်း စတာလင်ပေါင် သန်း ၃၀ ခန့်ကြွယ်ဝချမ်းသာတယ်လို့သိရပါတယ်။ ဒီစာရင်းတွေကိုတော့ Sunday Times သတင်းဌာနက ပြုစုခဲ့တာဖြစ်ပြီး ဗြိတိန်နိုင်ငံနဲ့ အိုင်ယာလန်နိုင်ငံတို့ရဲ့၂၀၁၆ ခုနှစ်အတွင်း အချမ်းဆုံး အဆိုတော်များဆိုတဲ့ ခေါင်းစဉ်နဲ့ ထုတ်ပြန်ခဲ့တာပါ။


( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror