Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , လေဆိပ်ကို ဓာတ်ပုံရိုက်ကွင်းအဖြစ်ပြောင်းလဲခဲ့တဲ့ ဆောင်ဂျွန်ကီ

လေဆိပ်ကို ဓာတ်ပုံရိုက်ကွင်းအဖြစ်ပြောင်းလဲခဲ့တဲ့ ဆောင်ဂျွန်ကီ

| No comment




ဖက်ရှင်ရှိုးပွဲတစ်ခုကို တက်ရောက်ဖို့ ဟောင်ကောင်ကို သွားစဉ်မှာ ချောမောမြဲအတိုင်း ချောမောနေတဲ့ ထိပ်တန်းကြယ်ပွင့် Song Joong Ki ( ဆောင်ဂျွန်ကီ ) ကို Vogue မဂ္ဂဇင်းက အမိအရ ဓာတ်ပုံရိုက်ခဲ့ပါတယ်။

Song Joong Ki က “Dior Homme 2016-2017 Winter Collection Live Show” ကို တက်ရောက်ဖို့အတွက် ဟောင်ကောင်ကို ထွက်ခွာဖို့ အင်ချွန်းလေဆိပ်ကို ဧပြီလ ၂၂ ရက် နေလည်ခင်းမှာ ရောက်ရှိလာပါတယ်။ Vogue မဂ္ဂဇင်းက Joong Ki လေဆိပ်ကို ရောက်ရှိချိန်ကစပြီး ဟောင်ကောင်ကို ဆိုက်ရောက်တဲ့အထိ ဓာတ်ပုံတွေရိုက်ပြီး Instagram မှာတင်ခဲ့ပါတယ်။

Joong Ki ကတော့ ပေါ့ပေါ့ပါးပါးနှင့် ဟိုတယ်မှာ ညစာစားနေတဲ့ပုံနဲ့ ရှိုးပွဲသွားခါနီး ပရိသတ်တွေကို နှုတ်ဆက်စကားပြောတဲ့ဗီဒီယို
ကိုလည်းတင်ခဲ့ပါတယ်။




အဲ့ဒီအပြင် Vogue မဂ္ဂဇင်းက ရှိုးပွဲရဲ့ကော်ဇောနီပေါ်က Song Joong Ki ရဲ့ဓာတ်ပုံတွေနှင့် ဒီညပွဲအတွက် သူ့အင်္ကျီကို Dior Homme collection ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် ဒီဇိုင်ဆွဲပေးပြီး ရှိုးပွဲကိုတက်ရောက်ဖို့ ဖိတ်ကြားခဲ့တဲ့ ဘယ်လ်ဂျီယံလူမျိုး ဒီဇိုင်နာ Kris Van Assche
နှင့်တွဲရိုက်ထားတဲ့ပုံတွေကိုလည်းတင်ခဲ့ပါတယ်။


Song Joong Ki က KBS က အောင်မြင်စွာထုတ်လွှင့်ခဲ့တဲ့ “Descendants of the Sun” ဇာတ်လမ်းတွဲမှာပါဝင်ခဲ့တာကြောင့် အောင်မြင်မှုအထွတ်အထိပ်ကို ရောက်ရှိခဲ့ပါတယ်။

Song Joong Ki ရဲ့ ခရီစဉ်က ဓာတ်ပုံတွေကိုတော့ ဇွန်လထုတ် Vogue မဂ္ဂဇင်းမှာ
ကြည့်ရှုနိုင်ပါတယ်။



( RII )


#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Soompi